Main menu

Background

ပုံမှန်တင်သွင်းတဲ့ ဓာတ်မြေသြဇာ

Mon, 09/06/2010 - 08:34 -- Anonymous (not verified)

ပုံမှန်တင်သွင်းတဲ့ ဓာတ်မြေသြဇာ        ပြည်တွင်းသုံးအတွက် စိုက်ပိုျးရေးအဓိကသွင်းအားစုဓါတ်မြေသြဇာ(ကွန်ပေါင်း) များကို ပင်လယ်ရေကြောင်းက ယခုသီတင်းပတ်မှာလဲ တင်သွင်းခဲ့ပါတယ်။ ယခု အပတ်အဝင်ကွန်ပေါင်း ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၂၅၁တန် တန်ဖိုး ကန် ဒေါ်လာ ၃၄၁၃၄ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထပ် မြေသြဇာအဝင် တန်ချိန် ၆၆၄ ဝင်ခဲ့ပြီး ယခုအပတ် မြေသြဇာအဝင်တန်ချိန် ၂၅၁ တန်ဝင်ခဲ့တဲ့ အတွက် ယခင်အပတ်ကလို အဝင်အင်တိုက်အားတိုက်မရှိခဲ့ပေမဲ့ ဆက်လက် တင် သွင်းမှုရှိနေပါတယ်။ တရုတ်နိုင်ငံက တစ်တန်ကို အက်ဖ်အိုဘီ ၁၃၂ ဒေါ်လာ၊ ဆော်ဒီအာရေးဗျနိုင်ငံက တစ်တန်ကို အက်ဖ်အိုဘီ ၁၁ဝဝ ဒေါ်လာ၊ ဂျပန်နိုင်ငံက နမူနာများကို တစ်တန်လျှင် ကန်ဒေါ်လာ ၆၁ဝဒေါ်လာနဲ့ အသီးသီး ဈေးကွက် ဖြန့်ရန် နမူနာစမ်းသပ်သုံးဖို့ တင်သွင်းလာတာတွေ့ရပါတယ်။                      MIRT (DOT)