ပြည်ဈေးကွက်မှာ ယခင်ဇူလိုင်တတိယပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲဟာ သြဂုတ်လ နောက်ဆုံး ပတ်မှာလည်းအဲဒီဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ယခုအပတ်မှာ မိုးရွာသွန်းမှု လျော့ နည်းသွားလို့ ပဲခွဲစက်သမား များနဲ့ ပဲလှော်သမားတို့ ပုံမှန်ကြိတ်ခွဲထုတ်လုပ်ဖို့ အဝယ် လိုက်လာပေမဲ့လည်း ကုလားပဲဈေးမှာ ပြောင်းလဲမှုမရှိဘူးလို့ ဈေးကွက်က သိရပါတယ်။ ယခုတစ်ပတ်မှာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကို စီးထွက်မှုမရှိဘဲ တိုင်းအတွင်းမှာသာ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်က သိရပါတယ်။ လွင်လွင်ဆန်း
Background