Main menu

Background

ပဲစင်းငုံဈေး ပြန်လည်ဦးမော့လာ

Tue, 09/07/2010 - 05:05 -- Anonymous (not verified)

ပဲစင်းငုံဈေး ပြန်လည်ဦးမော့လာ      အိန္ဒိယ လက်ငင်းဈေးကွက်များမှာ လက်ကျန်အသင့်အတင့် ရှိနေပေမဲ့ အခိုျ့ဒေသတွေမှာ မိုးများနေတာကြောင့်  ဈေးကွက်ထဲကို ပဲဝင်ရောက်မှု လျော့ကျလာတဲ့အတွက် ယခုတစ်ပတ်မှာတော့ ပဲစင်း ငုံဈေး ပြန်လည်မြင့်တက်ခဲ့ပါတယ်။ဒါ့အပြင် ပဲခွဲစက်များနဲ့ ကုန်သည် များက ဝယ်လိုအား  ကောင်းနေတာကြောင့်လည်း ဈေးပြန်လည် ဦးမော့လာတာဖြစ်ပါတယ်။ တန်ဇန်းနီးယားက ပဲအသစ် တွေရောက် ရှိလာတော့မှာ ဖြစ်တဲ့အတွက် ရောင်းအားကို  ပိုမိုစေမှာဖြစ်လို့ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိပါတယ်။  ဈေးကွက်တွေ မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်-