Main menu

Background

ပဲတီစိမ်းဈေး

Fri, 09/03/2010 - 06:44 -- Anonymous (not verified)

ပဲတီစိမ်းဈေး အဆင်းဘက်ဦးတည်လာ  အိန္ဒိယဈေးကွက်အခိုျ့ကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်လာ ပြီဖြစ်လို့ ပဲတီစိမ်းဈေးက အဆင်းဘက်ကို ဦးတည်လာခဲ့ပါတယ်။ အမြင့်ဈေးမှာ အရောင်းအဝယ်ပါးခြင်း အပြင် ပဲအသစ်များမှာလည်း အစိုဓာတ်များနေခြင်းတို့ကြောင့် အနိမ့်ဈေးနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာနဲ့ ရာဂျက်စသန်တို့မှာ ပဲအသစ်များ နေရာယူနေပြီဖြစ်ပြီး လာမယ့်ရက် များမှာ ပဲအသစ်တိုးတက် ဝင်ရောက်လာတော့မှာ  ဖြစ်ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ယခင်နှစ်က ပဲတီစိမ်းစိုက်ဟက်တာ ၁ ဒသမ ၇၁ သိန်းရှိရာမှ ယခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ ဟက်တာ ၂ ဒသမ ၉ဝ သိန်းထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေဆက်လက်လျော့ကျဖွယ်ရှိပါတယ်။ ဈေးကွက်အသီးသီး မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်-