Main menu

Background

ပဲပုပ်

Thu, 09/02/2010 - 09:05 -- Anonymous (not verified)

စစ်ကိုင်းတိုင်းမှာ မိုးပဲပုပ် ၈၂ ရာခိုင်နှုန်းကျော်စိုက်ပျိူးပြီး    ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် စစ်ကိုင်းတိုင်း မိုးပဲပုပ်စိုက်ပိုျးရန် လျာထားဧက ၂၅၅၉ အနက် ၂၁ဝ၄ ဧကစိုက်ပြီးလို့ ၈၂ ရာခိုင်နှုန်းကျော်စိုက်ပိုျးပြီး ဖြစ်ပါတယ်။ ကလေး၊ ခန္တီး၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်၊ ကောလင်းမြို့နယ် များမှာ စိုက်ပိုျးကြပြီး ယခုအရောင်း အဝယ် ပြုလုပ်နေတာကတော့ ယခင်နှစ်ထွက်ရှိတဲ့ ပဲပုပ်မှ တောင်သူကုန်သည်များလက်ဝယ်လက်ကျန် အနည်းငယ်ကိုသာ အရောင်းအဝယ်ပြုလုပ် နေကြခြင်း ဖြစ်ပါတယ်။ ရေဦးနဲ့ တန့်ဆည်မြို့နယ်များမှ ပဲပုပ်များ မုံရွာ မြို့သို့ဝင်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခု သြဂုတ် လမှာ တစ်ပိဿာ ၇၇၈ ကျပ်မှ ၈၃၃ ကျပ်အတွင်းသာ ဈေးပေါက်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ဈေးမှာလည်း ၈ဝ၆ ကျပ်မှ ၈၃၃ ကျပ် အတွင်းသာ ဈေးဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝခုနှစ်သြဂုတ်လအတွင်း မုံရွာမှ မန္တလေးသို့ တစ်တင်းခွဲဝင် ပဲပုပ်၂၅၂ အိတ်စီးထွက်ခဲ့ပြီး မုံရွာ ကုန်စည်ဒိုင်မှာနေ့စဉ် ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။                                                                                                                             သန်းသန်းတင်