Main menu

Background

ပဲပုပ်ဆီဈေးပြန်ကောင်းလာလို့ စားအုန်းဆီဈေး ၃ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိလာ

Mon, 09/13/2010 - 07:05 -- Anonymous (not verified)

 ပဲပုပ်ဆီဈေးပြန်ကောင်းလာလို့ စားအုန်းဆီဈေး ၃ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိလာ         ပဲပုပ်ဆီစားသုံးမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို အမေရိကန် ပဲပုပ် ရောင်းချမှု များတာကြောင့် ပဲပုပ်ဆီဈေး ပြန်လည်မြင့်တက် လာခြင်းနဲ့အတူ စားအုန်းဆီဈေးဟာလည်း သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးကို တက်ခဲ့ပါတယ်။ မလေးရှားမှာ နိုဝင်ဘာလ ပို့ရမယ့် စားအုန်းဆီစာခုျပ်ဈေးဟာ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၅၂ ဖြစ်လာလို့ သြဂုတ်လ ၁၇ ရက်နောက် ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ စက်တင်ဘာလ ၇ ရက်နေ့ က ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ  ၄၁ ဒသမ ၇၉ ဆင့်  (တစ်တန်ကို ကန်ဒေါ်လာ ၉၂၁) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၃ ရက်နောက်ပိုင်း မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      တရုတ်နိုင်ငံရဲ့ အရန်သိုလှောင်မှုအတွက် အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းပို့ရမယ့် အမေရိကန် ပဲပုပ်ဆီတန်ချိန် ၈ဝဝဝဝ ကို လွန်ခဲ့တဲ့သီတင်းပတ်မှာ ဝယ်ယူခဲ့ပါတယ်။ အာရှမှာ ပွဲတော်အတွက် ဝယ်လိုအားကောင်းနေတာအပြင် မလေးရှား ငွေကြေးတန်ဘိုး ခိုင်မာနေခြင်း ကြောင့် စားအုန်းဆီဈေးဟာ ဇူလိုင်လ ၇ ရက်မှာ ၈ လ အတွင်း အနိမ့်ဆုံးရှိရာမှ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။  တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင် နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝ၄ ဖြစ်ခဲ့ပြီး မေလပို့ရမယ့် ပဲပုပ်ဆီ ဈေးဟာလည်း ဝ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး ယွမ် ၈၃၂၈  (ကန် ဒေါ်လာ ၁၂၂၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊ှSources  bloonberg. net