Main menu

Background

ပဲမိုျးစုံပြတ်လပ်မှုကြောင့် ပါကစ္စတန်မှာ ဈေးနှုန်းထပ်မံမြင့်တက်

Thu, 09/09/2010 - 08:10 -- Anonymous (not verified)

ပဲမိုျးစုံပြတ်လပ်မှုကြောင့် ပါကစ္စတန်မှာ ဈေးနှုန်းထပ်မံမြင့်တက်         ပါကစ္စတန်နိုင်ငံရဲ့ ဥပုသ်လအတွင်း လက်လီရော၊ လက်ကားဈေးကွက်များမှာ ပဲမိုျးစုံပြတ်လပ်မှု ဖြစ်ပေါ်ကာ စားသုံးသူများ ဝယ်ယူဖို့ ခက်ခဲတဲ့ဈေးနှုန်းထိ  မြင့်တက်ခဲ့တယ်လို သိရပါတယ်။ ပဲအများဆုံးစိုက်ပိုျးတဲ့ ပန်ဂျပ်နဲ့  ဆင်းဒ် ပြည်နယ်များမှာ ရေလွှမ်းမိုး မှုကြောင့် အခိုျ့ပဲများရှားပါးလာခဲ့ပြီး ဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။          ပန်ဂျပ်ပဲစိုက်ပိုျးတဲ့ ဒေသများမှာ ပဲတီစိမ်းပင်များ ရေနစ်မြုပ်မှုကြောင့် လက်ကားဈေးကွက်များမှာ တစ်ကီလိုကို ရူပီး ၁၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၉၉) ၊ လက်လီဈေးမှာ တစ်ကီလိုကို ရူပီး ၁၇၅-၁၇၈ (ကန်ဒေါ်လာ ၂-၂ ဒသမ ဝ၈) ထိ မြင့်တက်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်ပဲတီစိမ်းထွက်ရှိမှု တန်ချိန် ၁၄ဝဝဝဝ-၁၅ဝဝဝဝ ရဲ့ ထက်ဝက်ခန့်ကို ပန်ဂျပ်မှာ ထုတ်လုပ်တယ်လို့ ပဲကုန်သည်တစ်ဦးကပြောကြားပါတယ်။ ပဲတီစိမ်းဈေးနှုန်း ယခုလို မြင့်တက်လာခြင်းဟာ ပန်ဂျပ်မှာ ရောင်းချမှုပြတ်လပ်ခဲ့တာကြောင့် လို့ ဆိုပါတယ်။     အလားတူမတ်ပဲထွက်ရှိမှုကလည်း နှစ်စဉ်အထွက်နှုန်းထက် လျော့ကျမယ့် ခန့်မှန်းချက်ကြောင့် ဈေးမြင့်တက် လာဖြစ်ပြီး ကုလားပဲခွဲခြမ်းဈေးဟာ တစ်ကီလိုကို ရူပီး ၇ဝ-၇၅  (ကန်ဒေါ်လာ ဝ ဒသမ ၈၂-ဝ ဒသမ ၈၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ်ကုလားပဲထွက်ရှိမှုဟာ တန်ချိန် ၅ဝဝဝဝဝ- ၅၅ဝဝဝဝ ရှိပေမဲ့ ပြည်တွင်းလိုအပ်ချက်က တန်ချိန် ၆ဝဝဝဝဝ- ၆၅ဝဝဝဝ ရှိတာ ကြောင့် လိုအပ်ချက်များကို မြန်မာနိုင်ငံနဲ့  သြစတြေးလျအပါအဝင် ပဲထုတ်လုပ်ရောင်းချတဲ့ နိုင်ငံများက တင်သွင်း နေရတယ်လို့ ဆိုပါတယ်။                                                                                                     ယမင်းရွှေစင်၊ှSources: daily news