Main menu

Background

ပဲမျိူးစုံနှင့် နှမ်းများအား တန်ဖိုးမြှင့်( Value Added) ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ ဟောပြောပွဲကျင်းပ

Wed, 09/01/2010 - 06:51 -- Anonymous (not verified)

မြန်မာနိုင်ငံသည် ပဲမိုျးစုံနှင့် ပြောင်းနှမ်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဒုတိယ ပဲအများဆုံးတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပါတယ်။ ပဲများကို ကုန်ကြမ်းအတိုင်း သန့်စင်ပြီး တင်ပို့ ခြင်းထက် အဆင့်မြင့်စက်ကိရိယာများဖြင့် သန့်စင်ခြင်း၊ အခွံချွတ် ခြင်း၊ အဆင့်ခွဲခြားခြင်း၊ အရောင်ခွဲခြားခြင်း၊ ခွဲခြမ်း ပြုလုပ်ခြင်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချခြင်းဖြင့် ဈေးနှုန်းပိုမိုရရှိပြီး နိုင်ငံတော်အတွက်လည်း ဝင်ငွေ ပိုမိုရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအလုပ်အကိုင်၊ အခွင့် အလမ်းများ ပိုမိုရရှိခြင်း၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်း စတဲ့ အကိုျးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။     ပဲမိုျးစုံနှင့် နှမ်းများအား တန်ဖိုးမြှင့် (Value Added)ထုတ်လုပ်နိုင်ရန်နည်းပညာများနှင့် ပတ်သက်ပြီး ဟောပြောပွဲကို မြန်မာနိုင်ငံ ပဲမိုျးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့်Buhler ကုမ္ပဏီတို့ ပူးပေါင်း၍ သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိTraders Hotel  ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံပဲမိုျးစုံနှင့် နှမ်းကုန် သည်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဂုံျလုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များ၊ ပဲနှမ်းနှင့် ဆန်စက်ဆိုင်ရာ စက်ပစ္စည်းတင်ပို့ရောင်းချ သူများ၊ စုစုပေါင်း ၅၆ ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဟောပြောပွဲတွင် Buhler မှ တာဝန်ရှိသူများက ပဲမိုျး စုံနှင့် နှမ်းများအား သန့်စင်ခြင်း၊ အဆင့်ခွဲခြားခြင်း၊ အရောင်ခွဲခြားခြင်း၊ ခွဲခြမ်းပြုလုပ်ရာတွင် အသုံးပြုသော ခေတ်မီစက်ကိရိယာ (Colour Sorter)နှင့် Destoner တို့၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် စွမ်းဆောင် နိုင်မှုများ၊ အကိုျးကျေးဇူးများကို ဟောပြောခဲ့ကြောင်း သိရှိရပါတယ်။ ဆန်ကြိတ်ခွဲရေးနှင့်  ပဲသန့်စင်ချောနည်းများတွင် အသုံးပြု သော စက်ယူနစ်များအကြောင်းကို သိရှိလိုပါက ဦးအောင်မြင့်ဆွေ (ကိုယ်စားလှယ်)၊ )Buhler Co.,Ltd၊ ဖုန်း-၅၆ဝ၇၉၄ နှင့် ဝ၉-၅ဝ-၃၉ဝ၉၄ တို့သို့ဆက်သွယ်၍ လာရောက်လေ့လာနိုင်ကြောင်း သိရှိရ ပါတယ်။                                                                                                                                                                                                       PTAC-2