Main menu

Background

ပဲဝင်ရောက်မှုလျော့ကျတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးမြင့်တက်

Tue, 09/07/2010 - 08:52 -- Anonymous (not verified)

ပဲဝင်ရောက်မှုလျော့ကျတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးမြင့်တက်                   လာမယ့်ပွဲတော်မှာ မြင့်တက်လာမယ့် ဝယ်လိုအားကို ဖြည့်ဆည်းဖို့ လှောင်လက်များက အဝယ်ထွက်လာခြင်းနဲ့ ဈေးကွက် တွေကို ပဲဝင်ရောက်မှု ကျဆင်းခြင်းကြောင့် ပဲတီစိမ်းလက်ကားဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝဝ ခန့်မြင့်တက်ခဲ့ တယ်လို့ သိရပါတယ်။ အင်ဒိုရီဈေးကွက်မှာ ပဲတီစိမ်းဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝဝဝ  (ကန်ဒေါ်လာ ၁ဝ၇၈) ဈေးဖြစ်ခဲ့ပါ တယ်။ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသ တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းက ရောင်းအားကို လျော့ကျစေခဲ့ပါတယ်။      ပြည်တွင်းဈေးကွက်များကို ပဲတီစိမ်းအသစ်ဝင်ရောက်မှုဟာ တစ်ရက်ကို အိတ် ၁၃ဝဝ ခန့် ရှိလို့ ယခင်နှစ် ဝင်ရောက်မှုနဲ့ နှိုင်းယှဉ် ရင် စိတ်ကျေနပ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ယမန်နှစ် ယခုလိုအချိန်မှာ အင်ဒိုရီဈေးကွက်ကို ပဲအသစ် ဝင်ရောင်မှုဟာ အိတ် ၂ဝဝဝ-၂၅ဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။      ပဲမိုျးစုံစိုက်ပိုျးမှုဟာ ယခင်နှစ်ထက်စာရင် ပိုမိုမြင့်တက်နေပြီး ထွက်ရှိမှုကလည်း ပိုမိုမှာဖြစ်လို့ ပြည်တွင်းလိုအပ်ချက် လျော့ကျနိုင် တယ်လို့ ဆိုပါတယ်။                                                                   ယမင်းခင်၊Sources: P T I