Main menu

Background

ပြည်ဈေးကွက်တွင် ကုလားပဲဈေးအနည်းငယ်ကျ

Tue, 09/07/2010 - 09:24 -- Anonymous (not verified)

ပြည်ဈေးကွက်တွင် ကုလားပဲဈေးအနည်းငယ်ကျ       ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးဟာ သြဂုတ်လနောက်ဆုံးပတ်က ၂ဝ၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုစက်တင်ဘာ ပထမပတ်မှာ ၂ဝ၂ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာပါတယ် ခွဲစက်သမားများ အဝယ်နည်းပြီး ရောင်း အားကျလာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်သို့ ကုလားပဲအိတ် ၁ဝဝဝ ခန့် ရောင်းချခဲ့ရပေမဲ့ ဈေးမှာမြင့်တက်ခြင်းမရှိပဲ ဈေးကျနေပါတယ်။ တိုင်းတွင်းမှာ လည်း တစ်နေ့အိတ် ၈ဝ ခန့်သာ ရောင်းချမှုရှိခဲ့ကြောင်း သိရပါတယ်။                                                                                                                လွင်လွင်ဆန်း