Main menu

Background

ပြည်ဈေးကွက်မှာ ပဲကြီး (ရွှေကျွန်း) အရောင်းအဝယ်ဖြစ်

Tue, 09/07/2010 - 11:23 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ပဲကြီး (ရွှေကျွန်း) အရောင်းအဝယ်ဖြစ်      ပြည်ဈေးကွက်မှာ ယခင်အပတ်အထိ ပဲကြီး (ကမ်းနား) သာ အရောင်း အဝယ်ဖြစ်နေခဲ့ပြီး၊ ယခု စက်တင်ဘာလဆန်းတွင်တော့ ပဲကြီး (ရွှေကျွန်း)လည်း အရောင်းအဝယ် ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်းမှာ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့  ပဲကြီး (ကမ်းနား) မှာ လက်လီ ၂၉၅ဝဝ ကျပ်၊ လက်ကားဈေးမှာ ၂၉ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ပဲကြော်ဖို၊ ပဲလှော် လုပ်ငန်း သမားများသာ အဝယ်ရှိခဲ့ပြီး၊ တစ်ရက်ကို  အိတ် ၂ဝဝကျော်ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                                               ခင်ဆွေဝင်း