ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်နည်းလာခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းများကလည်း ယခုရက်ပိုင်း တွင် မိုးများခဲ့လို့ ပဲတီစိမ်းအရည်အသွေး ကျသွားတဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်းကို ၂၇ဝဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်အတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ထိ တစ်တင်းကို ၂ဝဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၁၆ဝဝ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
Background