Main menu

Background

ပြည်တွင်းဆီ ဈေးနှုန်းများ

Thu, 09/02/2010 - 07:44 -- Anonymous (not verified)

မလေးရှားမှာ သိုလှောင်မှုမြင့်တက်လို့ ခုတစ်ပတ်စားအုန်းဆီကြမ်းဈေးကျ        မလေးရှားမှ စားအုန်းဆီကြမ်းတင်ပို့မှုလျော့ကျတာကြောင့် လက်ကျန် သိုလှောင်မှု ထပ်မံမြင့်တက်ခြင်းနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၅ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ် တန်ကို ရင်းဂစ် ၂၄၈၆ (ကန်ဒေါ်လာ ၇၉ဝ) ဖြစ်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှု ပမာဏ ကျဆင်းပြီး၊ ပဲပုပ်ဆီဈေးလျော့လာခြင်းက စားအုန်းဆီဈေးနှုန်းကျဆင်းဖို့ အထောက် အပံ့ဖြစ်စေခဲ့တယ်လို့ စင်ကာပူမှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။        သြဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၉၉၂၃၁၉ သာရှိလို့ ဇူလိုင်လ ကာလတူတင်ပို့မှုတန်ချိန် ၁ ဒသမ ဝ၇ သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intetek Agri Services မှ ပြောကြားပါတယ်။ မလေးရှား SGS ကုမ္ပဏီကတော့ ယခင်လထက် ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၉၃၉၄၅၆ သာတင်ပို့နိုင်တယ်လို့ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီအများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံက စားအုန်းဆီဝယ်ယူမှုဟာ သြဂုတ်လ ၂၅ ရက်အတွင်း ၄၆ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၁၂၆၉ဝ သာရှိတယ်လို့ SGS မှ ပြောကြားပါတယ်။       တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ ဟင်းသီးဟင်းရွက်လက်ကျန်တန်ချိန် ၅ သိန်းဝန်းကျင်ခန့်ရှိနေပြီး၊၎င်းလက်ကျန် မလျော့ကျသေးသမျှ ထပ်မံဝယ်ယူမှာ မဟုတ်ဘူးလို့ ဟောင်ကောင်ရှိကုန်သည်တစ်ဦးမှပြောကြားပါတယ်။ ဒါ့အပြင် ပါကစ္စတန်ကို တင်ပို့မှုမှာလည်း တန်ချိန် ၈၃၁၇၄ ကို ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့သလို အမေရိကန်ကို တင်ပို့မှုမှာလည်း  ၄၂ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၈၁၇၆၆ သာ တင်ပို့နိုင်တယ်လို့သိရပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလ အတွက် စားအုန်းဆီခဲ FOB ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၇၂ ဒသမ ၅ဝ ဈေးဖြစ်ခဲ့ပြီး၊ CME မှာ နိုဝင်ဘာလအတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ ကျဆင်းပြီး၊ ကန်ဒေါ်လာ ၇၉၆ ဒသမ ၅ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင် မှာလည်း အောက်တိုဘာလ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး၊ တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၃ဝ၅ဝဝဝ (ကန်ဒေါ်လာ ၈၁၄) ဖြစ်ခဲ့တယ်လို့သိရပါတယ်။                                                                                                 ယုဇန Source:palmoilhq.com