Main menu

Background

ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ

Mon, 09/06/2010 - 05:36 -- Anonymous (not verified)

ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ       ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးနှုန်း အနည်းငယ်မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်းကို  လက်လီ ဈေးမှာ  ၂၆ဝဝဝ ကျပ်၊  လက်ကားဈေးနှုန်းမှာ ၂၅၅ဝဝ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု စက်တင်ဘာလဆန်းပိုင်းတွင် လက်လီ တစ်တင်းကို  ၂၆၅ဝဝ ကျပ်နဲ့ လက် ကားတစ်တင်းကို  ၂၆ဝဝဝ ကျပ် အ ရောင်းအဝယ်ဖြစ်နေတာကြောင့် ယခင် အပတ်နဲ့ယှဉ်ရင် တစ်တင်းကို   ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလာလို့ ဈေးမြင့် ခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားရှိသလောက် မရောင်းချနိုင်ဘဲ လက်ကျန် နည်းလာ တဲ့အတွက် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ်ရက်ကို အိတ် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                                                                                    ခင်ဆွေဝင်း