Main menu

Background

ပြည်ပတွင် ၁ဝ ရာခိုင်နှုန်း ဈေးတက်သော်လည်း ပြည်တွင်းစိန်ဈေး ငြိမ်နေ

Sat, 05/01/2010 - 07:42 -- Anonymous (not verified)

    ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သော ကျောက်မျက်ရတနာပွဲတော်ကြောင့် ပြည်ပနိုင်ငံများတွင် စိန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်း အထိမြင့်တက် လာသော်လည်း ပြည်တွင်းစိန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း စိန်ရောင်း ဝယ်သူဦးရွှေကြည်က ပြောကြားသည်။    ''အခုဈေးကွက်ထဲမှာ အရောင်းအဝယ်ကအေးနေတယ်။ ပြည်ပစိန်ဈေးကွက်မှာ ဈေးက ၁ဝ ရာခိုင်နှုန်း လောက် တက်လာတယ်။ ဟောင်ကောင် ကျောက်မျက်ပွဲကပြန်လာတဲ့ မြန်မာ့ကျောက်ကုန်သည်တွေတောင် စိန်အသန့်အနည်း အကျဉ်းလောက်ပဲ ရလိုက် တယ်။ အခုဈေးကွက်အတွင်းမှာ စိန်ကလည်း အဝင်နည်းလာတယ်။ ရင်းနှီးမြှုပ်နံှသူတွေက စိန်အသန့်ကို အဝယ်များလာတယ်။ စိန်ဈေးနှုန်းက ငွေဈေးကျရင်သာကျဖို့ရှိတယ်။ ငွေဈေးမကျရင်တော့ ကျမှာမဟုတ်ဘူး၊ အရောင်းအဝယ်ကတော့ မေလ၊  ဇွန်လ လောက်အထိ တစ်ချက်စောင့်ကြည့်ရမယ်။ အဲဒီလောက်ဆိုရင်တော့ အရောင်းအဝယ်ကောင်းမယ်လို့ ခန့်မှန်းရတယ်'' ဟု ဦးရွှေကြည် က ပြောသည်။    ယခုလတ်တလော စိန်ဈေးကွက် အတွင်းတွင် ပစ္စည်းအဝင်နည်းသောကြောင့် တစ်ခါတစ်ရံပစ္စည်းပြတ်သော အချိန်အခါများနှင့်ပင် ကြုံတွေ့နေရကြောင်း သိရသည်။                                                                                                မင်းသန့်