Main menu

Background

ပြောင်းတင်ပို့မှုပို

Thu, 09/09/2010 - 05:45 -- Anonymous (not verified)

ပြောင်းတင်ပို့မှုပို       သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ ကုန်သွယ်ရေး ဇုန်မှ တရုတ်နိုင်ငံသို့ ပြောင်းဆံ ၃၇၁၇ တန်၊ တန်ဖိုးအား ဖင့် ကန်ဒေါ်လာ ၁ ဒသမ ဝဝ၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်း ပြောင်းဆံ ၃၅၈၇ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ပြောင်းဆံ တန် ၁၃ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လုံး ပြောင်းဆံ ၁၆၉၇၆ ဒသမ ၇၅ တန် တင်ပို့ ထားခဲ့ပြီး ဇူလိုင်လက တင်ပို့မှုအောက် ၁ဝ၉၉ဝ တန်ကျော် လျော့နည်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ပေါင်းစန်းခရိုင်မှာ ပြောင်းဖူးစေ့များ စတင်ထွက် ရှိနေပြီဖြစ်တဲ့အတွက် ပေါင်းစန်းရှိ လက်ကျန်ပြောင်းများ ထုတ်ရောင်းခြင်းကြောင့် တစ်ဘက်နိုင်ငံမှ ဝယ်လိုအားကျဆင်းခြင်း၊ မြန်မာပြည် တွင်လည်း ပြောင်းသစ်များပေါ်ရန် နီးကပ် နေပြီဖြစ်၍ လက်ကျန်ပြောင်း ထုတ်ရောင်းခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်း နေသဖြင့် တင်ပို့မှုများလျော့ကျရခြင်းဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လထိ ပြောင်းဆံ ၉၇၇၇၉ ဒသမ ၄၇ တန် တင်ပို့ထားပြီးဖြစ် ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်း ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                              မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု          ယခင်      ပြောင်းလဲမှု      %         ယခု      ယခင်      ပြောင်းလဲမှု    %ပြောင်းဖူးစေ့     ၂၉၈၉ဝ၃    ၂၉၉၂၈၆        ၃၈၃       ဝ .၁၃       ၃ဝ၁      ၃ဝ၇              ၆         ၂                                                                                                    MIRT (DOBT)