Main menu

Background

ပြောင်းလဲတိုးတက်လာသည့် မြန်မာ့ဘုရားဖူးနှင့် အပန်းဖြေခရီးသွားလုပ်ငန်းများ

Thu, 05/06/2010 - 04:26 -- Anonymous (not verified)

လှေခေတ် လှည်းခေတ်ကစ   မြန်မာလူမျိုးတို့ဟာ ရှေးယခင် လှည်းခေတ်၊ လှေခေတ်ကတည်းက နိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများကို သွားရောက် လှည့်လည်ဖူးမျှော်လှူဒါန်း ကြရတာကို နှစ်ခြိုက်ကြပါတယ်။ အညာဘုရားပွဲများကို လှည်းဝိုင်းကြီးတွေနဲ့ တစုတဝေးသွားရောက် ကြပြီး လှည်းစ ခန်းကြီးတွေချကာ တစ်လကိုးသီတင်းနေထိုင်ပြီး ဘုရားလည်းဖူး၊ ဒေသထွက်ကုန်တွေကိုလည်း ရောင်းဝယ်ဖောက် ကားခဲ့ကြပါတယ်။   စပါးပေါ်ချိန်၊ ပဲပေါ်ချိန်ဖြစ်လို့ လက်ထဲမှာငွေရွှင်၊ တောင်ယာအလုပ် နားချိန်လည်းဖြစ်လို့ မိသားစုအလိုက်၊ ဆွေမျိုးအလိုက်၊ ကျေးရွာရပ်ကွက်အုပ် စုလိုက် မြို့နယ်အနှံ့လှည့်လည်ဘုရားဖူးကြသူတွေလဲရှိပါတယ်။ မြစ်ကြောင်းတစ်လျှောက်လှေတွေနဲ့ စုန်ဆင်းပြီး ဘုရားဖူးကြ၊ ဈေးရောင်းကြတာတွေလဲ မျက်မှောက်ခေတ်ရှိခဲ့ပါတယ်။မျက်မှောက်ခေတ်   မျက်မှောက်ခေတ်မြန်မာလူမျိုးတို့ ရဲ့ဘုရားဖူးခရီးစဉ်ဟာ ပိုမိုအဆင့်မြင့်ကောင်းမွန်လာပါတယ်။ ၁၉၉၀ ကျော် နှစ်များမှာ ဘုရား ဖူးခရီးပို့ဆောင်ရေးလုပ်ငန်းတွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။ ဘုရားဖူးခရီးစဉ်တွေစတင်ချိန်က ဘတ်စ်ကား၊ ဘီအမ်ကား၊ ဟီးနိုး ကားစတာတွေနဲ့ စတင်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ အဆင့်မြင့်အဲကွန်းလေ အိတ်ကားကြီးတွေနဲ့ဖြစ်လာပါတယ်။ ဘုရားဖူး လုပ်ငန်းတွေဟာ ဘုရားဖူးလိုက်ပို့ရုံသက်သက်မဟုတ်ဘဲ အစားအသောက်၊ နေထိုင်တည်းခိုမှု၊ သွားမဲ့ဒေသကိုကျွမ်းကျင်စွာ ရှင်းပြ ပေးနိုင်မဲ့ ဧည့်လမ်းညွှန်တွေပါထည့်ပြီး စနစ်တကျဆောင်ရွက်လာတာတွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားဖူးခရီးစဉ်တွေ အပြင် အပမ်းဖြေခရီးစဉ်တွေပါတိုးချဲ့ပို့ဆောင်ပေးလာပါတယ်။ပြည်ပကိုပါတိုးချဲ့လာ    ပြည်တွင်းမှာရှိတဲ့ ဘုရားဖူးခရီးစဉ်တွေ၊ အပမ်းဖြေခရီးစဉ်တွေအပြင် ပြည်ပဘုရားဖူးခရီးစဉ်၊ အပမ်းဖြေခရီးစဉ်တွေလည်းတိုးချဲ့ ဆောင်ရွက်လာကြ ပါတယ်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာဒေသတွေကို ပို့ဆောင်ပေးတဲ့ ဗုဒ္ဓဂါယာခရီးစဉ်က ပိုမို အောင်မြင်လာပါတယ်။ ဗုဒ္ဓဂါယာခရီးစဉ်သာမက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ နီပေါ၊ ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံ တွေက အထင်ကရနေရာတွေပါ ပို့ဆောင်ပေးလာပါတယ်။ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေဟာ ဘုရားဖူးပို့ဆောင်ရေး သက်သက်မဟုတ်တော့ ဘဲ အပမ်းဖြေခရီးတွေ၊ ဗဟုသုတ၊ ယဉ်ကျေးမှု ခရီးစဉ်တွေကိုပါ တိုးချဲ့ဆာင်ရွက်နေပါတယ်။    မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်ကလည်း အလှူအတန်းဝါသနာပါလှပါတယ်။ ဒါကြောင့်လဲ တစ်နှစ်ထက်တစ်နှစ်ဘုရားဖူး သွားကြ၊ အပမ်းဖြေခရီးသွားကြသူတွေများပြားလာတာကိုတွေ့ရပါတယ်။ အခုလိုဘုရားဖူးခရီးစဉ်တွေ၊ အပမ်းဖြေခရီးစဉ်တွေကို ပြည်တွင်း ပြည်ပသွားလာနိုင်ဖို့ဆိုတာ ငွေကြေးလို အပ်ပါတယ်။ ဘုရားဖူးသွားရင် အလှူ ဒါနလုပ်မယ်၊ ဒေသထွက်ကုန်တွေဝယ် မယ်ဆိုတော့ ငွေရှိမှ သွားနိုင်တာပါ။ တစ်ချို့ကလည်း နွေရာသီရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ခရီးထွက်နိုင်ဖို့ ငွေစုထားကြပါတယ်။ဒီနှစ်ခရီးထွက်သူများ   စိန်ဝင်းနဲ့ ရောင်းရင်းများ ဘုရားဖူးပို့ဆောင်ရေးမှ ဂိတ်မှူးဦးကြည်ဝင်းက ''ဒီနှစ်မှာ ဘုရားဖူးခရီး၊ အပန်းဖြေခရီး နှစ်ခုစလုံးသွားတဲ့ သူများလာတယ်။ ဧပြီလကတော့ ပိတ်ရက်များလို့ ခရီးသွား အများဆုံးလပဲ၊ ဒီနှစ်မှာရာသီဥတုပူတော့ အေးတဲ့ နေရာတွေကို အသွားများကြတယ်။ ဧပြီလက တောင်ကြီးကို ကား ၁၁  စီးတက်ခဲ့တယ်'' လို့ဆိုပါတယ်။တစ်နှစ်ပတ်လုံးခရီးစဉ်ရှိ   ''၁၉၉၀ ဝန်းကျင်က ဧပြီလကုန်ရင် တစ်ခါပိတ်ပြီးအလုပ်မလုပ်တော့ဘူး၊ ၁၉၉၃-၉၄ ကစပြီး တစ်နှစ်ပတ်လုံးခရီးစဉ်တွေ လုပ်ထားတယ်၊ မိုးရာသီမှာ ဇလွန်ပြည်တော်ပြန်နေ့ချင်းခရီးတို့၊ ပုဂံညောင်ဦး၊ ပုပ္ပါးသွားချင်သူတွေကို ပို့ပေးတယ်။ ဒီနှစ်မှာ ဘုရားဖူး လိုက်ကြတာ ရန်ကုန်ကများ တယ်။ နယ်ဘက်ကလည်း အုပ်စုလိုက်လာတာ တွေရှိတယ်၊ နာဂစ်မဖြစ်ခင်ကဆို ဧရာဝတီက အုပ်စု လိုက်လာကြတယ်။ အခုနှစ်မှာ မြိတ်၊ ထားဝယ်၊ တောင်ကြီး၊ ရွှေဘို၊ စစ်ကိုင်းဘက်ကလာတာများတယ်'' လို့ ဦးကြည်ဝင်းက ထပ်မံပြောပါတယ်။   ပြည်တွင်းဘုရားဖူးရာသီမှာ သီတင်းကျွတ်လမှ ဧပြီလကုန်အထိလို့ ခရီးသွားလုပ်ငန်းတွေက သတ်မှတ်ထားပြီး ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများမှာ ရိုးရာကိုးကွယ်မှုနဲ့ပတ်သက်တဲ့ တောင်ပြုန်းပွဲ၊ အဘထွက်ပွဲစတာတွေ သာသွားလာမှုရှိကြောင်းသိရပါ တယ်။   ပြည်တွင်းခရီးစဉ်တွေထဲမှာ ပုဂံ- ညောင်ဦး-ပုပ္ပါးခရီးစဉ်တွေကို သီတင်းကျွတ်လက စတင်သွားကြပြီး ဒီဇင်ဘာ ကျောင်းပိတ်ရက် မှာ အများဆုံးသွားကြကြောင်း၊ တောင်ကြီး-အင်းလေး-ကလော၊ ပင်းတယခရီးစဉ်၊ မန္တလေး- ပြင်ဦးလွင်-လားရှိုး၊ မူဆယ်-ရွှေလီတွေကတော့ ဧပြီလမှာအသွားများကြောင်း၊ ကမ်းခြေအပန်းဖြေခရီးစဉ်တွေကတော့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၊ ကျိုက်ထီးရိုးခရီးစဉ်ကတော့ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ ပိုအသွားများကြောင်းသိရပါတယ်။   ဒီနှစ်ခရီးသွားရာသီမှာ ခရီးသွားလာမှုများလာလို့ မိမိမှာရှိတဲ့ ကားတွေအပြင် ရောင်နီထွန်း၊ မြတ်မန္တလာထွန်း၊ မန္တလာမေ၊ ရဲသူအောင်စတဲ့ ကားလိုင်းတွေက ကားတွေ၊ လာအပ်ထားတဲ့ ကားတွေကို အသုံးပြုနေကြောင်း၊ မှန်ကန်တဲ့ ဝန်ဆောင်မှုပေးနေ ကြောင်း၊ စိန်ဝင်းနဲ့ ရောင်းရင်း များ ဘုရားဖူး ပို့ဆောင်ရေးကပြောပါတယ်။ ဘုရားဖူး ခရီးစဉ်တွေမှာ လိုက်ပါဖို့စာရင်းပေးပြီး မှ အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်ရင် ကြိုတင်ပြောပါက ရက်ချိန်းပေးနိုင်ကြောင်း ဦးကြည်ဝင်းကပြောပါတယ်။ရီကွတ်စ်ထရစ်ပ်လဲ စီစဉ်ပေးတယ်   မေလအလယ်လောက်မှာ မိုးတွေစရွာတော့ ပြည်တွင်းခရီးစဉ်တချို့ရပ် နားကြတယ်ဆိုပေမယ့် ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေက တောင်းဆိုတဲ့ ရီကွတ်စ်ထရစ်ပ်လိုဟာမျိုးကိုတော့ ပို့ပေးတယ်လို့ New Motion Travel & Tours rS General Manager ဒေါ်အေးသီတာက ပြောပါတယ်။   မိုးရာသီတွင် ရာသီဥတုအရ တောင်ကြီး၊ ရွှေလီ ခရီးစဉ်များ ပို့ဆောင်မပေးနိုင်သော်လည်း မိုးနည်းသည့် ပုဂံညောင်ဦး ခရီးစဉ်များ ကို ပို့ဆောင် ပေးနေကြောင်း၊ မြန်မာပြည်တွင် မိုးတွင်းဖြစ်သော် လည်း အေးတဲ့ ပြည်ပနိုင်ငံ တချို့မှာ မေ၊ ဇွန်၊ ဇူလိုင်လ များအထိ ပွင့်လင်းရာသီ ဖြစ်နေကြောင်း၊ ဘန်ကောက်၊ စင်ကာပူမှာ မြန်မာနိုင်ငံ ရာသီဥတုနဲ့ တူသော်လည်း သွားလာလို့ ရကြောင်း ယခုလော လောဆယ်တွင် ဇွန်၊ ဇူလိုင်အထိ ပြည်ပခရီး လက်ခံ ထားတာရှိကြောင်း ဒေါ်အေးသီတာ ထပ်မံပြော ပါတယ်။ပြည်ပခရီးစဉ်တွေတိုးချဲ့   New Motion ဟာ ပြည်တွင်း ပြည်ပခရီးစဉ်တွေကို ပို့ဆောင်ပေးရုံမက ပြည်ပနိုင်ငံခြားသားတွေကိုလည်း ပြည်တွင်းခရီးစဉ် တွေကို ပို့ဆောင် ပေးလျက်ရှိပါတယ်။ ၂၀၀၁ ခုနှစ်က အဆင့်မြင့် ဘုရားဖူးခရီးသွားပို့ဆောင်ရေးအနေနဲ့ ပြည်တွင်း ခရီးစဉ်တွေ စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ပြည်ပ ခရီးသွားတွေ ပြည်တွင်းလာရောက်မှုကို လက်ခံ ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က စတင်ပြီး ပြည်ပကို သွားရောက်တဲ့ ခရီးစဉ်တွေကို တိုးချဲ့ ဆောင် ရွက်ခဲ့ကြောင်း သိရပါတယ်။   ''တဖြည်းဖြည်းနဲ့ ပြည်ပကိုသွားရောက် လေ့လာလည်ပတ်တဲ့ အရေအတွက်များလာတယ်။ စီးပွားရေးသမားတွေ သွားကြသလို ဝန်ထမ်းတွေ သာမန်လူတန်းစားတွေလည်း သွားကြတာပဲ။ ပြည်ပကို အပန်းဖြေခရီး ဘုရားဖူးခရီးထွက်မယ် ဆိုရင် ပြည်တွင်းထက် အများကြီးကုန်ပါတယ်။ ပြည်ပကိုသွားဖို့ဆိုတာ ခရီးသွားဖို့ဝါသနာလဲပါရမယ်။ ခရီးထွက်နိုင်ဖို့ ငွေကြေးလဲရှိရမယ်။ ကိုယ့်နိုင်ငံမှာလဲ ငွေကြေးသုံးနိုင်တဲ့ အနေအထားရှိတဲ့ လူမျိုးတွေတွေ့ရတာဝမ်းသာပါတယ်။ စီးပွားရေးကောင်းတဲ့ သဘောပေ့ါ။ နိုင်ငံခြား ခရီးထွက်မယ်ဆိုရင်သံရုံးက သတ်မှတ်ထားတဲ့စည်းကမ်းချက်နဲ့အညီ ဗီဇာတင်ရတာ၊ သူတို့ သတ်မှတ်တဲ့ ပိုင်ဆိုင်မှုတွေ ပြရတယ်။ ကုန်ကျစရိတ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး၊ သုံးနိုင်တဲ့ ငွေပေါ် မူတည်ပြီး နိုင်ငံရွေးကြတယ်'' လို့ မအေးသီတာ က ဆိုပါတယ်။   ဘန်ကောက်ခရီးစဉ် ၅ ညအိပ် ၆ ရက် အမေရိကန်ဒေါ်လာ ၇၀၀၊ မလေးရှား၊ စင်ကာပူ ၉ ညအိပ် ၁၀ ရက် အမေရိကန်ဒေါ်လာ ၁၁၅၀၊ ကိုရီးယား ၉ ညအိပ် ၁၀ ရက် အမေရိ ကန် ဒေါ်လာ ၂၄၀၀၊ ဂျပန်ခရီးစဉ် အမေရိကန် ဒေါ်လာ ၃၃၀၀ ခန့် ရှိကြောင်း သိရပါတယ်။ကိုရီးယားရုပ်ရှင်ကြောင့် ကိုရီးယားသွားဖို့စိတ်ဝင်စား   New Motion အနေနဲ့ ဒီနှစ်ပွင့်လင်းရာသီ မှာ ဂျပန်ကို ၃  အုပ်စု လူ ၁၀၀ ခန့်သွားလာခဲ့ပြီး ကိုရီးယားရုပ်ရှင်တွေကြောင့် ကိုရီးယားကို စိတ်ဝင်စားလာပြီးသွားလာမှုတွေလည်းများခဲ့ပါတယ်။   ORIENTAL DRAGON Travels & Tours (OD Tour) မှ တာဝန်ရှိသူတစ်ဦးကလည်း ''ပြီးခဲ့တဲ့ သြင်္ကန်ပိတ်ရက်မှာ ရာသီ ဥတုဒဏ်ကြောင့် တောင်ကြီးနဲ့ ရွှေလီအသွားများတယ်။ ပြည်ပကတော့ ဘန်ကောက်၊ စင်ကာပူသွားကြတယ်။ အထူးသဖြင့် ဘန်ကောက် ၅ ညအိပ် ၆ ရက်ခရီး အသွားများတယ်'' လို့ ဆိုပါတယ်။   CD Tour အနေနဲ့ ကမ်းခြေခရီး ကို ၅၊ ၆၊ ၇၊ ၈ လပိုင်းကလွဲပြီး ကျန်လတွေမှာ တစ်နှစ်ပတ်လုံးပို့ဆောင်ပေးနေကြောင်း၊ ရာသီ အလိုက် ပွဲတော်ရက်များမှာလည်း ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ခရီးသွား ဝါသနာပါသူတွေက တစ်နှစ်တစ်ခေါက်၊ နှစ်ခေါက် စသည်ဖြင့် သွားလာကြကြောင်း ရန်ကုန်၊ တောင်ငူ-ပျဉ်းမနားနဲ့ နယ် ဘက်ကလည်း နှစ်စဉ် ဘုရားဖူးလာကြကြောင်းသိရပါတယ်။   လူများရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ယခုဆိုရင် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေလည်း များပြားလာပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ထိုက်သင့် တဲ့ ငွေကြေးရယူပြီး ညီမျှတဲ့ ဝန်ဆောင်မှုကိုလည်းပေးအပ်ဖို့လိုတယ်ဆိုတာတွေ့ရပါတယ်။   တချို့ဘုရားဖူး ပို့ဆောင်ရေးတွေဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးရှိနေလို့ အဆင်မပြေတဲ့ ခရီးသွားတွေရှိခဲ့တယ်ဆိုတာလည်း ကြားသိနေရပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီဘက်က ပြန်လာသူတစ်ဦးက ''ဘယ်လိုဟိုတယ်၊ ဘယ်လိုစားသောက် ဆိုင်၊ ဘယ်တွေပို့မယ်ရေးထားပြီးပြောတဲ့အတိုင်းမလုပ်ဘူး။ သွားရတာအဆင်မပြေဘူး။ နေရာလဲမစုံခဲ့ဘူး။ ဒါကြောင့် နောက် တစ်ခါ အဲဒီဘုရားဖူးလုပ်ငန်းနဲ့မသွားတော့ဘူး။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း အဲဒီဘုရားဖူးအဖွဲ့နဲ့မသွားဖို့ ပြောလိုက် တယ်'' လို့ ဆိုပါတယ်။   အဆိုပါ ဖြစ်ရပ်တွေကြောင့် မှန်မှန်ကန်ကန်ရပ်တည်နေတဲ့လုပ်ငန်းတွေပါ ထိခိုက်နိုင်တယ်လို့ ဝေဖန်ပြောဆိုသံတွေလည်း ကြားနေရပါတယ်။ ဘုရားဖူးပို့ဆောင်ရေးဂိတ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ''ဒီလိုစုန်းပြူးတွေကြောင့် ရိုးရိုးသားသားလုပ်စားသူ တွေ နာမည်ပျက်တယ်။ ကိုယ်ယူထားတဲ့ ငွေကြေးနဲ့ထိုက်တန်တဲ့ ဝန်ဆောင်မှုကတော့ ပေးရမှာပဲ'' လို့ ပြောပါတယ်။   အနာဂတ်မှာနိုင်ငံတော်ရဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ဝင်ငွေမြင့်မားလာတဲ့ အလယ်အလတ်လူတန်းစားအများစုကို အကြောင်းပြုလို့ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာဖြစ်သလို မှန်ကန်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ ခရီးသွားလုပ်ငန်းတွေ များပြားလာ ပါစေလို့လည်း ဆန္ဒပြုပါတယ်။ လွင်လွင်မိုး