Main menu

Background

ဗီယက်နမ်စီးပွားရေး ဖွဲ့စည်းတည်ဆောက်မှုပြုပြင်ဖို့ဆွေးနွေးရေး

Thu, 09/09/2010 - 06:46 -- Anonymous (not verified)

 ဗီယက်နမ်စီးပွားရေး ဖွဲ့စည်းတည်ဆောက်မှုပြုပြင်ဖို့ဆွေးနွေးရေး        အခြေခံအားဖြင့် လယ်ယာစိုက်ပိုျးရေးကို အဓိကထားတဲ့စီးပွားရေးကနေ စက်မှုနဲ့ဝန်ဆောင်မှုတွေကို ဗဟိုပြုတဲ့စီးပွားရေးကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ ကိစ္စရဲ့ အရေးပါမှုကို သြဂုတ် ၃၁ ရက်က ဟိုချီမင်းစီတီမှာ ကျင်းပတဲ့ အစည်းအဝေးမှာ အလေးပေး ဆွေးနွေးကြပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (ဒဗလူျတီအို)ကို ဗီယက်နမ်နိုင်ငံ ဝင်ခွင့်ရတာဟာ စီးပွားရေးအတွက် အပြု  သဘောအလားအလာတွေရှိပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြစ်စေခဲ့တယ်လို့ ဗီယက်နမ်စီးပွားရေးအင်စတီကုျရဲ့ ညွှန်ကြားရေးမှူး ထရန်ဒင်သီယံက ပြောကြားပါတယ်။     ၂ဝဝ၇ ခုနှစ်မှာ ဒဗလူျတီအိုကိုဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်းကို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှူပ်နံှမှု မြင့်တက်စေခဲ့သလို ပို့ကုန်လုပ်ငန်းတွေလည်းမြင့်တက်ခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် ဒဗလူျတီအို ကိုဝင်ရောက်တဲ့အခါမှာ ဖွံ့ဖြိုးမှုအရည်အသွေး နိမ့်ကျတာ၊ အခြေခံအဆောက်အအုံညံ့ဖျင်းတာ၊ ငွေဖောင်းပွမှု မြင့်မားတာ၊ လူသားအရင်းအမြစ်ညံ့ဖျင်းတာနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ညံ့ဖျင်းတာစတဲ့ စီးပွားရေးမှာ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေ ပေါ်ထွန်းလာစေခဲ့ပါတယ်။     ''ကျွန်တော်တို့ရဲ့စီးပွားရေးယန္တရားကို ပြန်လည်တည်ဆောက်ဖို့လိုနေပါတယ်''လို့ ဗဟိုစီးပွားရေးစီမံခန့်ခွဲမှု အဖွဲ့ရဲ့ဒုတိယ ညွှန်ကြားရေးမှူး ငုယင်ဒန်ချင်းက ပြောပါတယ်။      မကြာမီနှစ်များအတွင်းက ရရှိခဲ့တဲ့စီးပွားရေးဖွံ့ဖြိုးမှုက အဓိကအားဖြင့် စိုက်ပိုျးရေးကနေ စက်မှုဝန်ဆောင်မှုကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှုကြောင့်ဖြစ်တယ်။ ဒါပေမယ့် ကုန်ထုတ်လုပ်နိုင်မှုကိုတော့ တိုးမြှင့်မပေးနိုင်သေးဘူးလို့ သူကပြောပါတယ်။ စီးပွားရေး ဖွဲ့စည်းတည်ဆောက်မှုညံ့ဖျင်းနေရင် ၂ဝ၂ဝ ပြည့်နှစ်မှာ စီးပွားရေးခေတ်မီအောင် တည်ဆောက်ဖို့ဆိုတာ အခက်အခဲရှိလိမ့်မယ်လို့ သူက ပြောပါတယ်။Source : vietnamnews.vnanet.vn