Main menu

Background

ဘိလပ်မြေ

Mon, 09/13/2010 - 06:03 -- Anonymous (not verified)

 ယခင်နှစ်ကာလတူထက် လျော့ဝင်     ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းနဲ့ ဘိလပ်မြေတင်သွင်းရာမှာ သြဂုတ် လ ၃ဝ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၈၇ဝ၅ တန် တန်ဖိုး ကန်ဒေါ်လာ ၇၄၅၉ဝ တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က တင်သွင်းလာတာဖြစ်ပြီး ယခင် အပတ်က တန်ချိန် ၂၁၃၅ဝ အဝင်ရှိကာ ယခုအပတ်အဝင်က တန်ချိန် ၈၇ဝ၅ ကျော်ပဲဝင်တာမို့ တန်ချိန် ၁၂၆ဝဝ ကျော် လျော့ဝင်ခဲ့ပါတယ်။ ၂ဝ၁ဝ သြဂုတ်လ အတွင်း ရေကြောင်းလမ်းနဲ့ ဘိလပ်မြေ တန်ချိန်စုစုပေါင်း ၃ဝ၉၉၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော်ဖိုးတင်သွင်းခဲ့ပါတယ်။ ဒီ ၂ဝ၁ဝ သြဂုတ်လ ဘိလပ်မြေအဝင်က ယခင်ဇူလိုင်လအဝင် တန်ချိန် ၃၇၆၉၃ နဲ့ ယှဉ်ရင် တန်ချိန် ၆၆၉၅ တန်လျှော့ဝင်သလို ယခင်နှစ် ၂ဝဝ၉ ခုနှစ်သြဂုတ်လ ဘိလပ် မြေအဝင် ၁၅၂၃၄၆ တန်နဲ့ယှဉ်ရင်လည်း ၅ ဆခန့် လျော့လာတာတွေ့ရပါတယ်။ သြဂုတ်လ အတွင်း ဖောက်သည်နိုင်ငံတွေကတော့ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံများဖြစ် ပါတယ်။                                                                                                                                                                                                                    MIRT (DOT)