Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင် (6-9-2010)မှ (10-9-2010)

Mon, 09/13/2010 - 07:45 -- Anonymous (not verified)

ဘုရင့်နောင်မှာ မတ်ပဲ(RC) ရောင်းဈေးကျလာမတ်ပဲ((RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၈ဝ၄ဝဝဝ ကျပ်နဲ့ပုံမှန်အဝယ်ရှိ ပေမယ့် နောက်ပိုင်းမှာ Export earning ရောင်းဈေး ဆက်တိုက်ကျ ဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ၉-၉-၂ဝ၁ဝ နေ့တွင်  တစ်တန်ကို ၇၈၅ဝဝဝ ကျပ်အထိဈေးဆင်းသွားတဲ့အတွက် ယခင်အပတ်နဲ့စာရင် တစ်တန် ကို ၄၅ဝဝဝ ကျပ်ခန့်  ဈေးကျသွားကြောင်း  ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ၈ဝ၅ တန်ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။