Main menu

Background

ဘုရင့်နောင်ဈေးကွက်

Mon, 09/06/2010 - 09:09 -- Anonymous (not verified)

 ဘုရင့်နောင်ဈေးကွက်         မတ်ပဲ(RC)ကိုသိုလှောင်ထားတဲ့ ကုန်သည်များက စတင်ဈေး ဖွင့်အရောင်းရှိသလို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက လည်း ဈေးပေးအဝယ်ရှိတာကြောင့် ၃ဝ-၈-၂ဝ၁ဝ နေ့မှာတစ်တန်ကို ၈၂၂ဝဝဝ ကျပ်ရှိရာက ၃၁-၈-၂ဝ၁ဝနေ့မှာ တစ်တန်ကို ၈၄၅ဝဝဝ ကျပ်ထိဈေးမြင့်ခဲ့ပြီးနောက်ပိုင်းမှာ မတ်ပဲ (RC) ကိုရောင်းချတဲ့ကုန် သည်ကြီးများအရောင်းများလာတာ ကြောင့် ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ကုန်သည်များက ဈေးချအဝယ်ရှိလို့ ၃-၉-၂ဝ၁ဝ နေ့မှာတစ်တန် ကို ၈၃ဝဝဝဝ ကျပ်သို့ဈေးပြန်ဆင်း ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် တော့ဈေးမြင့်နေသေးတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။