Main menu

Background

မန္တလေးကုန်စည်ဒိုင်

Mon, 09/06/2010 - 09:47 -- Anonymous (not verified)

 မန္တလေးဈေးကွက်            ပဲတီစိမ်းကြီးကို တရုတ်ပြည် တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျလာပြီး တစ်ပိဿာကို အနိမ့်ဆုံး ၁၁၅၆ ကျပ်(တစ်တန်ကို ၇ဝ၇၉၂၂ ကျပ်)မှ တစ်ပိဿာကို အမြင့်ဆုံး ၁၃၁၆ ကျပ်(တစ်တန်ကို ၈ဝ၅၉ဝ၅ ကျပ်) အတွင်းအရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးကို  ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျ နေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။