Main menu

Background

မန္တလေးကုန်စည်ဒိုင် 6-9-2010မှ 10-9-2010အတွင်း

Mon, 09/13/2010 - 09:50 -- Anonymous (not verified)

မန္တလေးမှာ ပဲတီစိမ်းကြီးကို တရုတ်အဆွဲနည်းလို့ဈေးကျ    ပဲတီစိမ်းကြီး အရည်အသွေးမိုျးစုံကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန်ဝယ်လက် ကလည်းလက်ရှိပေါက်ဈေးထက် ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျ လာပြီး တစ်ပိဿာကို ၁ဝ၁၃ ကျပ်(တစ်တန်ကို ၆၂ဝ၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲခြမ်းပြုလုပ် ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး တစ်ပိဿာကို ၁ဝ၄၈ ကျပ်(တစ်တန်ကို ၆၄၁၇၈၄ ကျပ်)နဲ့ အရောင်းအဝယ်နည်းခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။