Main menu

Background

မန္တလေးမြို့တွင် ကားပြပွဲကျင်းပမည်

Thu, 09/09/2010 - 04:28 -- Anonymous (not verified)

 မန္တလေးမြို့တွင် ကားပြပွဲကျင်းပမည်          အထက်မြန်မာပြည် ကားပြပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမ (၁)မှာ စက်တင်ဘာလ ၁၇ ရက်မှ ၂ဝ ရက်နေ့ထိ နံနက် ၉းဝဝ နာရီမှ ည ရးဝဝ နာရီအတွင်း ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။       ကားပြပွဲကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)နဲ့  Conquest Organizing Group တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး၊ အဲဒီပြပွဲမှာ ကားအလှဆင်ပစ္စည်းများ၊ကားတာယာများ၊အင်ဂျင်ဝိုင်နဲ့ ကားဆက်စပ်ပစ္စည်းများ ပြခန်းပေါင်း ၄ဝ ကျော်၊ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော် ပါဝင်ပြသမယ်လို့ သိရပါတယ်။        Conquest Organizing Group rS General Manager  ဦးချမ်းငြိမ်းက '' အထက်မြန်မာပြည်မှာ ကားပြပွဲ မလုပ်ဖူးသေးတဲ့ အတွက် စီစဉ်တာပါ။ ဒီရက်ပိုင်းမှာ ကားအရောင်းအဝယ်အေးနေတဲ့အတွက် ကားပြပွဲလုပ်ရင်း ဆွဲဆောင်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်ပြပွဲ မှာတုန်းက ကားဈေးကွက်အေးနေတာတောင် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အစီး ၆ဝ ၊ ၇ဝ လောက်ပြခဲ့ တာ အစီး ၁ဝဝဝ ကျော် လောက်ရောင်းခဲ့ရတယ်။ ပြည်တွင်းထုတ်ကားတွေကို ပြသမှာဖြစ်တဲ့အတွက် မန္တလေးက ကုမ္ပဏီတွေ အနေ နဲ့လာရောက် ပြသလို့ ရပါတယ်။ ရန်ကုန်ကားကုမ္ပဏီ ၃ ခု၊ ၄ ခု လောက်ကလာပြဖို့ ချိတ်ဆက်ပြီးဖြစ်တယ်'' လို့ပြောပါတယ်။        အဆိုပါပွဲတွင် ကားနဲ့ ဆက်စပ်ပစ္စည်းများကို ပြသရောင်းချရန် ပါဝင်လိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ မန္တလေးမြို့ ရွှေဖြူပလာဇာ ဒုတိယထပ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း  (မန္တလေးရုံးခွဲ) ဖုန်း ဝ၂-၆၉၃၂၈ နဲ့ Conquest Organizing Group ဖုန်း ဝ၁-၅၁၁၄၃၉၊ ဝ၉၅ဝ၈၄၇၃၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။                                                                                                                                              ဇူးဇူး