Main menu

Background

မန္တလေးမြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် ၉၂ ဂရိတ် အော့တိန်းဆီကို စက်တင်ဘာလမှစ၍ ရောင်းချမည်

Wed, 09/01/2010 - 08:21 -- Anonymous (not verified)

      မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ၉၂ ဂရိတ်ရှိ အော့တိန်းဆီကို စက်တင်ဘာလမှစ၍ရောင်းချပေးနိုင်ရန် ဆီလှောင်ကန်များ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။     ၉၂ ဂရိတ် အော့တိန်းဆီမှာ မော်ဒယ်မြင့်ကားများအသုံးပြုပါက အင်ဂျင် ဆွဲအားကောင်းပြီး ပေါက်ကွဲအားကောင်းသောကြောင့် သုံးစွဲကြပါတယ်။    '' ၉၂ ဆီကိုစက်တင်ဘာလကစပြီး ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ ဆီ လှောင်ကန်လုပ်နေတာပြီးမယ်ဆိုရင် ရောင်းပေးနိုင် မှာပါ။ရန်ကုန်မှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးနေပြီ။ မန္တလေးဈေးကွက်မှာတော့ ရန်ကုန်ကဈေးထက်        ၁ ဂါလန် ကို ၂ဝဝ ကျပ်လောက်ကွာနိုင်တယ်။ လမ်းသယ် ယူစရိတ်ကြောင့် ဈေးနည်းနည်းမြင့်နိုင်တယ်။ ရန်ကုန်ကတစ်ဆင့် သယ်ယူရတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ၁ ဂါလန်ကို ၂၉ဝဝ ကျပ် ၃ဝဝဝ ကျပ်နဲ့ ရောင်းနိုင် ပေမယ့် မန္တလေးမှာ ဒီဈေးမရနိုင်ပါဘူး။ ၉၂ ဂရိတ်အော့တိန်းဆီ ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းနေတဲ့ ၇ဝ  ဂရိတ်ဆီကိုလည်း ဆက်လက်ရောင်းချပေး မှာဖြစ်တယ်။ ဝယ်ယူမယ့်သူက ကိုယ်သုံးချင်တဲ့ဆီကိုပြောပြီး ဝယ်နိုင်မယ်။ ၇ဝ ဂရိတ်ဆီက ၁ ဂါလန်ကို ၂၅ဝဝ ကျပ်နဲ့ရောင်းချ မှာဖြစ်ပြီး ၉၂ ဂရိတ်ဆီက ၁ ဂါလန်ကို  ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ ၃၂ဝဝ ကျပ်ဈေးနဲ့ ရောင်းချနိုင်မယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးမတူနိုင်ဘူး''လို့ တမ္ပဝတီစက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှပြောပါတယ်။ ၉၂ ဂရိတ်အော့တိန်းဆီကို မန္တလေးမြို့ရှိ ပုဂ္ဂလိကစက် သုံးဆီအရောင်း ဆိုင်များဖြစ်တဲ့ မြမေတ္တာမွန်၊ နီလာရိုးမ၊ DENKO ၊ ရွှေဗိုျင်းဖြူ New Day၊ သာ၊ ဌေးဌေးြွကယ် အရောင်းဆိုင်များနှင့် ရွှေကျင်စက်သုံးဆီ အရောင်းဆိုင်များတွင် လိုသလောက်ရောင်းချပေးမယ်လို့ သိရပါတယ်။                                                                                                      ဇူးဇူး