Main menu

Background

မန်းဈေးကွက်သို့ မိုးမြေပဲဆံ

Thu, 09/02/2010 - 08:45 -- Anonymous (not verified)

မန်းဈေးကွက်သို့ မိုးမြေပဲဆံအသစ်များ ဆက်လက်ဝင်ရောက်    မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းအတွင်းမှထွက်ရှိတဲ့ မြေပဲဆံများ ဝင်ရောက်သလို လှောင်လက် များကလည်း ထုတ်ရောင်း နေပါတယ်။ စက်တင်ဘာလအတွင်း မိုးမြေပဲဆံများ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာတော့ မှာဖြစ်တဲ့ အတွက် ပစ္စည်း အဟောင်းလက်ကျန်သမားများမှ ထုတ်ရောင်းနေသော် လည်း ပဲဆီဈေးအေးနေတဲ့အတွက် ဆီစက်သမားများမှ ဝယ်လိုအားနည်းကာ ဈေးအေးနေပါတယ်။     အသစ်ဝင်ရောက်လာတဲ့ မြေပဲဆီဆံက တစ်ပိဿာကို ၁၇၈ဝ ကျပ်၊ ၁၈ဝဝ ကျပ်ဝန်းကျင်ရှိပြီး၊ မြေပဲဆံ အဟောင်းတွေက ရှမ်းဆီဆံက ၁၉၃ဝ ကျပ်၊ အညာဆီဆံက ၁၉၂ဝ ကျပ်နဲ့ ရောင်းဝယ်နေပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၅ဝဝ ကျပ်မှ ၃၇ဝဝ ကျပ်၊ မြေပဲဖတ်ကတော့ ၉ဝဝ ကျပ်မှ ၉၁ဝ ကျပ်ဈေးရှိပြီး၊ ဈေးကွက်အတွင်းသို့ မိုးမြေပဲဆံ အသစ်များ ဝင်ရောက်လာသော်လည်း ယခုပေါက်ဈေးနဲ့ သိပ်ကွာဟမှု မရှိနိုင်ကြောင်း သိရပါတယ်။                                                                                                                             ကျော်ကျော်မိုး