Main menu

Background

မန်းပဲတီစိမ်းဈေး ခပ်အေးအေး

Tue, 09/07/2010 - 09:04 -- Anonymous (not verified)

မန်းပဲတီစိမ်းဈေး ခပ်အေးအေး       မန်းဈေးကွက်အတွင်း ပဲတီစိမ်းမှာ စီးဝင်မှုအများဆုံးဖြစ်သလို ဈေးကွက်အတွင်းရောင်းဝယ်နေကြတဲ့ ပဲတွေထဲမှာ လည်း ရောင်းဝယ်မှုအများဆုံးဖြစ်ပါတယ်။ တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တို့ဝယ်ယူနေပြီး  ဈေးတက်ရင် တက်ဈေး၊ ကျရင်ကျဈေးနဲ့ ရောင်းဝယ်မှုကတော့ အလုပ်ဖြစ်နေဆဲဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ ပဲတီစိမ်းတစ်ပိဿာ ၁၈၃၁ ကျပ် အမြင့်ဆုံးဈေးနဲ့ ရောင်းဝယ်ခဲ့ကြပေမဲ့ ယခုစက်တင်ဘာလ ပထမပတ်မှာတော့ ပဲတီစိမ်းတစ်ပိဿာ ၁၃၃၃ ကျပ်ဈေးဝန်းကျင် နဲ့သာ အရောင်းအဝယ် ်ဖြစ်ကြပါတယ်။ ပစ္စည်းရဲ့အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းကွာဟချက်တွေ ရှိနေသော်လည်း လက်ရှိရောင်းဝယ်မှုအနေနဲ့ကတော့ ခပ်အေးအေးပဲလို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်တချို့မှပြောနေကြကြောင်း သိရှိရ ပါတယ်။                                                                                                              ကျော်ကျော်မိုး