Main menu

Background

မန်းမြို့ရဲ့ ဂံျုဈေးကွက်

Thu, 09/09/2010 - 06:14 -- Anonymous (not verified)

မန်းမြို့ရဲ့ ဂံျုဈေးကွက်          မန္တလေးမြို့သစ်သို့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှ ဂံျုများ ဝင်ရောက်လျက်ရှိရာ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ၁၂၃ဝဝ အိတ်ခန့် ဝင်ရောက်မှုရှိခဲ့ပြီး ဇူလိုင်လအတွင်းကတော့ ၁၁၃ဝဝ အိတ်ခန့် ဝင်ရောက်မှု ရှိခဲ့ပါတယ်။          ဂုံျဈေးအနေနဲ့ သြဂုတ်လမှာ မြင်းမူ၊ ငါန်းဇွန်၊ မြောင်မြို့နယ်များမှ ဂုံျဈေး တစ်ပိဿာကို ၇၈၃ ကျပ်၊ ဆားတောင်၊ ဘုတလင် ဂံျုဈေးကတော့ ၇၆၆ ကျပ်ဈေးရှိပြီး ရှမ်းဂံျုနဲ့ အထွက်တိုးဂျုံက တစ်ပိဿာ ၆၄၁ ကျပ်ဈေးဖြင့် ရောင်းဝယ် လျက်ရှိကြပါတယ်။ ဇူလိုင်လအတွင်းက ငါန်းဇွန်၊ မြင်းမူ၊ မြောင် ဂံျုဈေးတစ်ပိဿာ ၇ဝဝ ကျပ်၊ ဆားတောင်၊ ဘုတလင် ဂံျုဈေးမှာ ၆၈၃ ကျပ်ရှိပြီး ရှမ်းဂံျုနဲ့ အထွက်တိုး ဂံျု တစ်ပိဿာကို ၅၈၃ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလမှာ ဂံျုဈေး ယခင်လထက် တစ်ပိဿာ ၈ဝ ကျပ်မှ ၁ဝဝ ကျပ်အထိ တက်လာခဲ့သော်လည်း လှောင်လက်များနဲ့ ဂံျုစက်များအရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါတယ်။                                                                                                                      ခင်ဆန်းဦး