Main menu

Background

မလေးရှားအစိုးရ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နံှရန် တွန်းအားပေး

Mon, 09/13/2010 - 08:55 -- Anonymous (not verified)

 မလေးရှားအစိုးရ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နံှရန် တွန်းအားပေး    မလေးရှားအစိုးရဟာ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နံှမှုများပိုမိုဆောင်ရွက်ရန်အတွက် ဆွဲဆောင်စည်းရုံးမှာဖြစ်ပြီး ရော်ဘာနှင့် ဆက်စပ်နေတဲ့စက်မှုကဏ္ဍ ကလည်း တိုင်းပြည်ရဲ့အနာဂတ်အလားအလာအတွက် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။ ရော်ဘာနဲ့ ရော်ဘာဆက်စပ် ပစ္စည်းတင်ပို့မှု လဟာ ၂ဝ၁ဝ ပထမ နှစ်ဝက်မှာ ၃ဝ ရာခိုင်နှုန်းတိုးတက်ကာ ရင်းဂစ် ၉ ဒဿမ ၂၃ ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၉၅၈ ဘီလီယံ ) ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူ ကာလက ရင်းဂစ် ( ၆ ဒဿမ ၉) ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၂၁၁ ဘီလီယံ) ရှိကြောင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းဝန်ကြီးက ပြော ကြား ခဲ့ပါတယ်။ ၂ဝ၁ဝ မှာ ပြည်တွင်း ရင်းနှီးမြှုပ်နံှမှု ရင်းဂစ် ၄၂၅ ဒဿမ ၈ သန်း (ဒေါ်လာ ၁၃၆ ဒဿမ ၄၇၄ သန်း ) ဆောင်ရွက်မှာ ဖြစ်ပြီး အထူးသဖြင့် ရော်ဘာလက်အိတ်ထုတ်လုပ်ရေးမှာ မြှုပ်နံှမှာဖြစ်တယ်လို့ ဝန်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။ ၂ဝ၂ဝ မှာ ရော်ဘာလက်အိတ်လုပ်ငန်းတွေကနေ ရင်းဂစ် ၃ဝ ဘီလီယံ (ဒေါ်လာ ၉ ဒဿမ ၆၁၅ ဘီလီယံ) ရရန်ရည်ရွယ်ပြီး အခုကတော့ ရင်းဂစ် ၁ဝ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၂ဝ၅ ဘီလီယံ) ရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးကဆက်လက် ပြောကြားရာမှာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာကမ္ဘာမှာ ရော်ဘာ ထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်တာကြောင့် အစိုးရအနေနဲ့ ရော်ဘာနဲ့ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်မှာ ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နံှ သူတွေကို  ပုဂ္ဂလိကရင်းနှီးမြှုပ်နံှမှုတွေလုပ်ဖို့ ဦးစားပေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တာယာတင်သွင်းမှုတွေ များလာပြီး သွင်းကုန်ပမာဏ တက်လာတာကို ဝန်ကြီးဌာနအနေနဲ့ စုံစမ်း စစ်ဆေးမှု တွေ လုပ်လိမ့်မယ်လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ မိမိတို့က ပြဿနာရဲ့အဖြေကို အောက်ခြေအထိ လေ့လာ စုံစမ်းမှာဖြစ်ပြီး ဒါဟာ စက်မှုလုပ်ငန်းတွေအတွက် အရေးကြီးပြီး တရားမျှတမှု မရှိကြောင်းပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှု ကို ကုန်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကောက်ခွန်ဌာန၊ ဘဏ္ဍာရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန များလည်း ပါဝင်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ှSource: Berrama.com,  KZW