Main menu

Background

မိုးနှမ်းသစ်လှိုင်လှိုင်ပေါ်လို့ နှမ်းဈေးအနည်းငယ်အေး

Mon, 09/13/2010 - 07:34 -- Anonymous (not verified)

 မိုးနှမ်းသစ်လှိုင်လှိုင်ပေါ်လို့ နှမ်းဈေးအနည်းငယ်အေး    ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ နှမ်း ဈေးမှာ အရင်အပတ်ထက် ဈေးကျ သွားတာတွေ့ရပါတယ်။ သြဂုတ်လ နောက်ဆုံး ပတ်တွင် မိုးနှမ်းနီအသစ် ၄၅ပိဿာတစ်အိတ်လျှင် ၈၆ဝဝဝ ကျပ်ဖြစ်နေသော်လည်း၊ စက်တင်ဘာလဆန်းမှစ၍ ခုချိန်ထိ ၈ဝဝဝဝ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ မိုးနှမ်းနီအသစ် ၄၅ ပိဿာတစ်အိတ်လျှင် ၆၅၅ဝဝ ကျပ်ဖြင့် သြဂုတ်လ နောက်ဆုံးပတ်ထိဖြစ်နေသော်လည်း စက်တင်ဘာ လဆန်းမှ ခုချိန်ထိ ၆၅ဝဝဝ ကျပ်ဖြင့် ၅ဝဝ ကျပ်ဈေးကျလာတာတွေ့ရပါတယ်။ မိုးနှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိနေသဖြင့် ဈေးသိပ်မကျဘဲ ဈေးတန်းနေခြင်းဖြစ်ပါတယ်။ ပြည်ဈေး ကွက်သို့ မင်းတုန်း၊ ကံမ၊ မြန်အောင်၊ ကြံခင်းနဲ့ ဥသျှစ်ပင်၊ ပေါက်ခေါင်း၊ နတ်တလင်း မြို့နယ်ဘက်မှ မိုးနှမ်းနီအသစ်များ တစ်နေ့လျှင်အိတ် ၁ဝဝဝ-၁၅ဝဝ ခန့် ဝင်ရောက် လာတာတွေ့ရပါတယ်။ ဝင်ရောက်လာသလောက် အရောင်းအဝယ် ဖြစ်တာတွေ့ရ ပါတယ်။ နှမ်းဆီတစ်ပိဿာလျှင် ၂၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း