Main menu

Background

မိုးမြေပဲသစ်များပေါ်ချိန် ပြည်ဈေးကွက်

Thu, 09/02/2010 - 08:50 -- Anonymous (not verified)

မိုးမြေပဲသစ်များပေါ်ချိန် ပြည်ဈေးကွက်တွင်ဈေးငြိမ်          မိုးမြေပဲအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ ကုန်သည်ပွဲစားများမှ ပြည်ဈေးကွက်ကို ဆီကြိတ်မြေပဲဆံ တစ်နေ့ကို အိတ် ၅ဝဝ ခန့် လာရောက်ရောင်းချကြပါတယ်။ ဆီကြိတ်မြေပဲဆံ အများအပြား ဝင်ရောက်လာသဖြင့် ပြည်ဈေးကွက်တွင် ဈေးသိသာစွာကျသွား ခြင်းမရှိဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၉ဝဝ ကျပ် နဲ့လုံးဆံတစ်ပိဿာကို ၂၂ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီးအရောင်း အဝယ်ဖြစ် နေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲ ဆံအသစ် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                                                                                            ဝေဝေမင်း