Main menu

Background

မိုးရာသီပဲမျိူးစုံရောင်းချမှုကြောင့် အိန္ဒိယကုလားပဲဈေးကွက်

Tue, 09/07/2010 - 09:17 -- Anonymous (not verified)

 မိုးရာသီပဲမျိူးစံရောင်းချမှုကြောင့် အိန္ဒိယကုလားပဲဈေးကွက်       မိုးရာသီပဲမိုျးစုံအသစ်များ စတင်ဝင်ရောက်နေပြီဖြစ်ပြီး အဓိကဈေးကွက်များကိုအဝင်အားကောင်းလာတာကြောင့်စက်တင်ဘာလ  ၂ ရက်နေ့ ကုလားပဲ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၃) ကျဆင်းခဲ့ တယ်လို့သိရပါတယ်။ အဓိကပဲ ထွက်ရှိရာဒေသများမှာ ပဲတီစိမ်းနဲ့ မတ်ပဲအရောင်း သွက်နေတာကြောင့် ဒေလီဈေးကွက်ကို နေ့စဉ် ပဲဝင်ရောက်မှုဟာ မော်တော်ကား ၃၅ စီးမှ ၅ဝ စီးအကြား  ဝင်ရောက်တယ်လို့ သိရပါတယ်။     အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသများမှာ မိုးအချိန်မှန် ဝင်ရောက်မှုကြောင့် မိုးပဲစိုက်ဧရိယာ တိုးတက်ခြင်းကလည်း ဈေးကွက်တွေမှာ ရောင်းချမှုကို အားကောင်းစေခဲ့ပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရ ၂ဝ၁ဝ သြဂုတ်လ ၂၇ ရက်အထိ မိုးပဲမိုျးစုံစိုက်ပိုျးမှုဟာ ဟက်တာ ၁ဝ၉ ဒသမ ဝ၄ သိန်းရှိပြီး ယခင်နှစ်ကာလတူက ဟက်တာ ၈၉ ဒသမ ၃၃ သိန်းရှိတယ်လို့ သိရပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ စက်တင်ဘာ အခြေခံ စာခုျပ်ဈေးဟာ ရူပီး ၂၂၁၅ဝ (ကန်ဒေါ်လာ ၄၇၈) နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်Sources: Business standard