Main menu

Background

မုံရွာကုန်စည်ဒိုင်

Mon, 09/06/2010 - 09:23 -- Anonymous (not verified)

 မုံရွာဈေးကွက်       ပဲစင်းငုံနီကိုရန်ကုန်ဝယ်လက်ဝယ်အား အသင့်အတင့် ရှိခဲ့သလို ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်အဝယ်ရှိခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁ဝ၂၅ ကျပ် (တစ် တန်ကို ၆၂၇၆၉၉ ကျပ်) နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ် နဲ့စာရင် ဈေးငြိမ် နေကြောင်းသိရပါတယ်။ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၂၆၈ ကျပ် (တစ်တန်ကို ၇၇၆၅၁ဝ ကျပ်) နဲ့ဝယ်အားအထိုက်အလျောက် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျ နေတယ်လို့ မြို့ခံကုန်သည်များကဆိုပါတယ်။