Main menu

Background

မုံရွာကုန်စည်ဒိုင် 6-9-2010မှ 10-9-2010

Mon, 09/13/2010 - 08:02 -- Anonymous (not verified)

 မုံရွာမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းကြီးအရောင်းအဝယ်ဖြစ်    ပဲခွဲခြမ်းပြုလုပ်ရန်ဝယ်ယူနေတဲ့ ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ပဲ ကြာဆန်အတွက်ဝယ်ယူသူများက ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁ဝ၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ပုံမှန်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ဈေးကို ကြိုက်နှစ်သက်မှုမရှိလို့ အရောင်းနည်းခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကို လှောင်လက် ကုန်သည်များက လာမဲ့ကာလမှာ ဈေးကျလာမှာကိုစိုးရိမ်ပြီး အရောင်း များပေမယ့် ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၉ဝဝ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ကျပ်)နဲ့သာ အဝယ်ရှိတာကြောင့်  ယခင်အပတ်နဲ့စာရင်ဈေးကျလာပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ပဲတီစိမ်းကြီးကိုမန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပါးသလို ရောင်းတဲ့ကုန်သည်များကလည်း ဝယ်ဈေးကို မကြိုက်နှစ်သက်တာ ကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံပဲကုန်သည်များ က ဆိုပါတယ်။