Main menu

Background

မြန်မာကုန်သွယ်ဖက် နိင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 08/31/2010 - 06:52 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေး နာလန်ထူမှု ကျဆင်းလာတဲ့ အတွက် အာရှဒေသရဲ့ ပို့ကုန်လုပ်ငန်းတွေ ရဲ့ ဝယ်လိုအားနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တွေရှိနေတာကြောင့် တောင်ကိုရီးယား ဝမ်ကဦးဆောင်ပြီးအာရှငွေကြေးတွေဒီရက် သတ္တပတ်အတွင်းတန်ဖိုး ကျဆင်းခဲ့ပါတယ်။     ယခု ရက်သတ္တပတ်အတွင်းမှာ ဘလွမ်းဘတ်ဂျေပီ မော်ဂန်အာရှ ဒေါ်လာအညွှန်းကိန်းက သုညဒသမ ၃ ရာခိုင်    နှုန်းကျဆင်းခဲ့ပါတယ်။ သြဂုတ် ၂၅ ရက်ထိရှိတဲ့ရက်သတ္တပတ် အတွင်းမှာ ကမ္ဘာ့ရှယ်ယာရံပုံငွေထဲကနေရင်းနှီး မြှုပ်နံှသူ တွေရဲ့ အနုတ်အသိမ်းက ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ရှိတဲ့အနက် အာရှဂျပန်စတော့ရံပုံငွေကနေ အနုတ်အသိမ်းက ဒေါ်လာ ၂၈၉ သန်း ပါဝင်တယ်လို့ မက်ဆာခူျးဆက်အခြေ စိုက် EPFP Global  သုတေသနဌာနက ထုတ်ပြန်ပါတယ်။တရုတ်ယွမ်     တရုတ်စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်လီမိတက်ကဘွန်းစာခုျပ်တွေ ထုတ်မရောင်းမီ ရင်းနှီးမြှုပ်နံှသူတွေက ငွေတွေကို ''လှောင်''ထားမယ်လို့ ယူဆကြတဲ့အတွက် တရုတ် နိုင်ငံရဲ့ အခြေခံဈေးနှုန်းက နှစ်လအတွင်း အမြင့်ဆုံးအထိ  မြင့်တက်လာခဲ့ပါတယ်။    တရုတ်နိုင်ငံခြား ငွေလဲလှယ်ရေး ကုန်သွယ်မှုအဖွဲ့ရဲ့ အဆို အရ တရုတ်ယွမ်ငွေကြေးဟာ သြဂုတ် ၂၆ ရက်က တစ်ဒေါ်လာကို ၆ ဒသမ ၇၉၉၈ ယွမ် နှုန်းရှိရာကနေ ၂၇ ရက်နေ့မှာ တစ်ဒေါ်လာကို ၆ ဒသမ ၇၉၈၈ ယွမ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။အိန္ဒိယရူပီး    ရူပီးငွေတန်ဖိုးဟာ သြဂုတ် ၂၇ ရက်နေ့ မနက်စောစော ပိုင်းမှာပုံမှန်အတိုင်းရှိနေခဲ့ပါတယ်။ဇူလိုင်၂၆ရက် ဈေးပိတ်ချိန် ကတစ်ဒေါ်လာ ၄၆ ဒသမ ၈၄ ရူပီးနှုန်း ရှိနေခဲ့ရာက အပြောင်းအလဲ အနည်းငယ်ဖြစ်ပြီး ၂၇ ရက် မနက် ၉းဝ၅ နာရီက တစ်ဒေါ်လာကို ၄၆ ဒသမ ၈၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ဂျပန်ယန်း    ဂျပန်မူဝါဒရေးဆွဲသူတွေက ဂျပန်ယန်းတန်ဖိုးမြင့်တက် နေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အစီအမံတွေ ဆောင်ရွက် တော့မယ်လို့ခန့်မှန်းကြတဲ့အတွက် စောစောပိုင်းက တန်ဖိုးမြင့် တက်ခဲ့တဲ့ ဂျပန်ယန်းငွေတန်ဖိုးဟာ ကပြောင်းကပြန်ဖြစ်ပြီး ယူရိုနဲ့ ဒေါ်လာတို့နဲ့ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဂျပန်ယန်းဟာ အဓိကငွေကြေး ၁၆ ခုအနက် ၁၅ ခုနဲ့ ဖလှယ် ရာမှာ တန်ဖိုးကျခဲ့ပါတယ်။    သြဂုတ် ၂၆ ရက်က နယူးယောက်မှာ တစ်ယူရိုကို ၁ဝ၇ ဒသမ ၃၉ ယန်း နှုန်းရှိခဲ့ရာမှ တိုကိုျမှာ ၂၇ ရက်ညနေ ၁း၄၉ နာရီမှာ တစ်ယူရိုကို ၁ဝ၇ ဒသမ ၈ဝ ယန်းနှုန်း ရှိခဲ့ ပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာတော့ တစ်ဒေါ်လာကို ၈၄ ဒသမ ၄၅ ယန်းနှုန်းကနေ ၈၄ ဒသမ ၇ဝ ယန်းနှုန်းထိ ပြောင်းလဲခဲ့ပါတယ်။မလေးရှားရင်းဂစ်    မလေးရှားနိုင်ငံရဲ့ ပို့ကုန်ဈေးကွက် နှစ်ခုမှာ တိုးတက်မှု နှုန်းနှေးကွေးတဲ့အတွက် ယခုနှစ်အတွင်းမှာ ဗဟိုဘဏ်က အတိုးနှုန်းတွေကို ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ယူဆကြ ပါတယ်။ ဒါကြောင့်ဒီရက်သတ္တပတ်မှာ ရင်းဂစ်ငွေကြေး ဟာတန်ဖိုးကျဆင်းတော့မဲ့ဘက်ကို ဦးတည်နေပါတယ်။  အမေရိကန်အိမ်ခြံမြေဈေးကွက် ကျဆင်းတာနဲ့ စင်ကာပူကုန် ထုတ်လုပ်မှုအေးလာပြီးတဲ့နောက် ယခုနှစ် ယခုချိန်ထိ ၈ ဒသမ ၉ ရာခိုင်နှုန်းထိတန်ဖိုး တက်ခဲ့တဲ့ ရင်းဂစ်တန်ဖိုးဟာ တိုးတက်မှုနှေးကွေးလာပါတယ်။ စင်ကာပူဟာမလေး ရှားရဲ့အကြီးမားဆုံးပို့ကုန်ဈေးကွက် ဖြစ်ပြီးအမေရိကန်ပြည် ထောင်စုကစတုတ္ထမြောက် အကြီးမားဆုံးပို့ကုန်ဈေး ကွက်ဖြစ် ပါတယ်။     မလေးရှားရင်းဂစ်တန်ဖိုးဟာ ရက်သတ္တပတ်ကုန်မှာ သုည ဒသမ ၁ရာခိုင် နှုန်းကျဆင်းပြီးတစ်ဒေါ်လာကို ၃ ဒသမ ၁၄၅၈ ရင်းဂစ်နှုန်းဖြစ်ခဲ့သည်။တောင်ကိုရီးယားဝမ်    ပြည်ပရင်းနှီးမြှုပ်နံှသူတွေက တောင်ကိုရီးယား ရှယ်ယာ ကို အဝယ်ထက် အရောင်းက ဒေါ်လာ ၁၄၃ သန်း ပိုများတဲ့ အတွက် ဆိုးလ်မြို့မှာ တောင်ကိုရီးယားဝမ်ရဲ့ ငွေလဲနှုန်းဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းတန်ဖိုးကျပြီး သြဂုတ် ၂၇ ရက်က တစ်ဒေါ်လာကို ၁၁၉၅ ဒသမ ၈၄ ဝမ်နှုန်းရှိခဲ့ပါတယ်