Main menu

Background

မြန်မာပေါ်စကို သွပ်ပြားစက်ရုံ

Wed, 09/08/2010 - 11:49 -- Anonymous (not verified)

မြန်မာပေါ်စကို သွပ်ပြားစက်ရုံ         မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar Posco Steel Co.,Ltd   သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လုပ်ငန်းများကို စတင်လည်ပတ်အကောင်အထည်ဖော်ခဲ့ သည်။     အဆိုပါ   Posco Steel Co.,Ltd  ကို  ကိုရီးယားနိုင်ငံရှိ Posco Co.,Ltd မှ ၇ဝ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ၃ဝ ရာခိုင်နှုန်းပါဝင်၍ အကိုျးတူ ပူးပေါင်းတည်ထောင်လုပ်ကိုင်ခဲ့ပါသည်။ ယခုအချိန်အထိ စက်ရုံလုပ်သားပေါင်း ၁၄၈ ဦးဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။    Myanmar Posco Steel  အနေနှင့် နှစ်စဉ်ထုတ်လုပ်မှုပမာဏမှာ သွပ်တန်ချိန် ၂၅ဝဝဝ ခန့်ကို ကုန်ချောအဖြစ် ထုတ်လုပ်လျက်ရှိသည်။ အခါအားလျော်စွာ ဈေး ကွက်ရဲ့ လိုအပ်ချက်အရ တိုးမြှင့် ထုတ်လုပ်ခဲ့သည်များလည်းရှိသည်။ ထုတ်လုပ်နေ သည့် ကုန်ချောများကိုလည်း အရည်အသွေး ကောင်းမွန်စေရန်အတွက် ကိုရီးယားနိုင်ငံ Posco  မှ ပညာရှင် ၂ ဦးကိုယ်တိုင် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။