Main menu

Background

ယခင်တစ်ပတ်ထက် မြေထောက်အတင်ပို

Mon, 09/13/2010 - 04:00 -- Anonymous (not verified)

 ယခင်တစ်ပတ်ထက် မြေထောက်အတင်ပို    ပင်လယ်ရေကြောင်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားစတဲ့ နိုင်ငံတွေ ကို မြေထောက်ပဲတင်ပို့လျက်ရှိရာ ယခု စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ်အတွင်း တန်ချိန်  ၂၇ဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ်တင်ပို့မှု တန်ချိန် ၁၆ဝ ထက်ပိုလာတာတွေ့ရ ပါတယ်။ လအလိုက်တင်ပို့မှုကိုလေ့လာ ရာမှာသြဂုတ်လအတွင်း မြေထောက်ပဲ တန်ချိန် ၉ဝဝ ခန့်သာ တင်ပို့မှုရှိလို့ ဇူလိုင်လ တင်ပို့မှုတန်ချိန်  ၁၂ဝဝ ခန့်ထက်လျော့နည်းသလို ယခင်နှစ် သြဂုတ်လ တင်ပို့မှု တန်ချိန် ၁၁ဝဝ ကျော်ထက်လည်း လျော့ကျတာတွေ့ရ ပါတယ်။     ရန်ကုန် FOBဈေးအနေနဲ့ ပြောင်း လဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ ရှိပြီး မွန်ဘိုင်း ဈေးကွက်မှာ  polished တစ်တန်ကို ရူပီး ၃၃၅ဝဝ (ကန်ဒေါ်လာ ၇၁၅ )၊ unpolished  တစ်တန်ကိုရူပီး ၃၂ဝဝဝ  (ကန်ဒေါ်လာ ၆၈၃ ) အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT