Main menu

Background

ယန်းဈေးကျပြီး တရုတ်ဝယ်လိုအားကြောင့် ရော်ဘာအလားအလာကောင်း

Thu, 09/09/2010 - 05:18 -- Anonymous (not verified)

 ယန်းဈေးကျပြီး တရုတ်ဝယ်လိုအားကြောင့် ရော်ဘာအလားအလာကောင်း        ဂျပန်ယန်းငွေဈေးကျဆင်းပြီး ရေနံဈေးတက်လာတဲ့အပြင် တာယာထုတ်လုပ်ရေးတွေမှာ သုံးဖို့အတွက် တရုတ်ရဲ့ ဝယ်လိုအား ကြောင့် ရော်ဘာဈေးနှုန်းတွေ တက်နေကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကထက် ရော်ဘာဈေးနှုန်း ၂ ဒဿမ ၈ ရာခိုင်နှုန်း တက်ခဲ့ပြီး ဇန်နဝါရီလအတွက် တိုကိုျကုန်စည်ဒိုင်ရဲ့စာခုျပ်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၂၉၄ ယန်း ၁ တန်ကို ဒေါ်လာ ၃၄၇၅ အထိဈေးမြင့်နေပါတယ်။ တရုတ်ရဲ့လက်ရှိဝယ်လိုအား ကြောင့် ဈေးကွက်ခိုင်မာနေကြောင်း စင်ကာပူ အခြေစိုက် မာဘိနိကုမ္ပဏီ ရဲ့ကုန်သွယ်ရေးမန်နေဂျာက ပြောကြား ခဲ့ပါတယ်။ ရေနံဈေးတက်ခြင်းနဲ့ ယန်းဈေးကျခြင်းက ရော်ဘာဈေးနှုန်းကို အထောက် အပံ့ပေးနေကြောင်း 0x158င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ရေနံဈေးမြင့်တက်မှုက ရော်ဘာတုကို ယှဉ်ပြိုင်ပြီး သဘာဝ ရော်ဘာဈေးနှုန်းကို မြင့်တက်စေခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သြဂုတ်လမှာ တန်ချိန် ၁၃၅ဝဝဝတန်နဲ့ စက်တင်ဘာလမှာ ၁၃ဝဝဝဝတန် တင်သွင်းဖို့မျှော်လင့်ထားတယ်လို့ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း  (NRPC )  ကသတင်းများမှာ ဖော်ပြခဲ့ ပါတယ်။ တရုတ်ရဲ့ အသားတင်တင်သွင်းမှုဟာ ဒီနှစ်မှာ ၅ ရာခိုင်နှုန်း မြင့်တက်ပြီးတန်ချိန် ၁ ဒဿမ ၆၇ သန်းလောက်ရှိနိုင် မယ်လို့  (NRPC )  က ဆက်လက်ပြောကြား ခဲ့ပါတယ်။ ထိုင်းနဲ့မလေးရှားမှာ မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရောင်းလိုအား အတွက် စိုးရိမ်နေရပြီး မိုးရာသီဟာ ရော်ဘာ စေး ထွက်ရှိမှုကို လျော့နည်းစေကာ ရော်ဘာထုတ်လုပ်မှု ကျဆင်းစေကြောင်း သိရပါတယ်။       သြဂုတ်လကုန်အထိ ထိုင်းမှာ မိုးရွာသွန်းမှုများမယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရပါတယ်။ လက်ရှိကာလ ဈေးကွက်မှာ ထိုင်းရော်ဘာဈေးနှုန်း ဝ ဒဿမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်ကီလိုဂရမ်ကို ၁ဝ၄ ဒဿမ ၈ ဘတ် ၃ ဒဿမ ၃၃ဒေါ်လာ ရှိကြောင်း ထိုင်းရော်ဘာသုတေသနဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။      ထိုင်းနိုင်ငံရဲ့ ရော်ဘာစိုက်ပိုျးတဲ့ဒေသများမှာ မိုးကြီးမှုကြောင့် ရောင်းလိုအားကို ကန့်သတ်ထားရကြောင်း ၎င်းဌာနက ပြောကြား ခဲ့ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ ဇန်နဝါရီလအတွက် ရော်ဘာအရောင်း အဝယ်ဈေးက ၁ ဒဿမ ၆ ရာခိုင်နှုန်းတက်သွားပြီး တစ်တန်ကို ၂၅၂၃၅ ယွမ် ၃၇၁ဝ ဒေါ်လာ ရှိကြောင်း သတင်းရရှိပါတယ်။                                                                                                   Source: Bloomberg .com,KZW