Main menu

Background

ရန်ကုန်ဈေးကွက်တွင် ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် အိမ်ခြံမြေများ အရောင်းအဝယ်ဖြစ်

Thu, 09/09/2010 - 04:20 -- Anonymous (not verified)

 ရန်ကုန်ဈေးကွက်တွင် ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် အိမ်ခြံမြေများ အရောင်းအဝယ်ဖြစ်      ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် အိမ်ခြံမြေများသာ အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်းသိရသည်။      ထိုသို့ဖြစ်နေရခြင်းသည် ကျပ်သိန်း ငါးထောင်နှင့် အ ထက် သောင်းဂဏန်းဝန်းကျင် အိမ်ခြံမြေဈေးနှုန်း များသည် ခေါ်ဈေးမြင့် တက်နေခြင်းကြောင့်ဖြစ်ပြီး ကွန်ဒို၊ တိုက်ခန်း ဈေးနှုန်းများမှာ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။ ''အခွန် သက်တမ်းမကုန် ဆုံးခင် ကာလမှာဘဲ ဈေးကွက် လှုပ်ခဲ့တယ်၊ သက်တမ်းတိုးလိုက်တော့ ပြန်ငြိမ်သွားတဲ့သဘောပါ၊ ဈေးနှုန်း မြင့်တဲ့အိမ်တွေကျတော့ စောင့် ကြည့်ရမယ့်ကာလအနေနဲ့ ကိုင်ထားချင်ကြတယ်။ အဲဒီအတွက် ခေါ်ဈေးမြင့်ထား ကြတာပါ'' ဟု ယူနတီကုမ္ပဏီမှ ကိုဇော်ဇော်က ပြောကြား သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်း စသည်တို့ရှိ အိမ်ခြံမြေဈေးနှုန်း များကို ခေါ်ဈေး အဆမတန် မြှင့်ထားကြပြီး ဝယ်လိုသူမရှိ အောင် ပြုလုပ်ထားကြကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုများဝင်ရောက် လာသည့် အခါ အိမ်ခြံမြေဈေးနှုန်းများသည် အတက်ဘက်တွင် သာရှိ နေကြခြင်းနှင့်အတူကားဈေးကွက်၊ ရွှေဈေးကွက် အခြေ အနေမတည်ငြိမ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။      လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်း ၂ဝဝဝ ဝန်း ကျင် မြေကွက်များ၊ ကျပ်သိန်း ၁ဝဝဝ အထက် ကွန်ဒိုတိုက် ခန်းများ၊ ကျပ် သိန်း ၂ဝဝ ဝန်းကျင်တိုက်ခန်းများ၊ မြို့တွင်းမှ ကျပ်သိန်း ၃ဝဝ ဝန်းကျင်တိုက်ခန်းများ အရောင်းအဝယ် တစ်ခိုျ့ ရှိခဲ့ကြောင်း ဈေးနှုန်း အနေအထားအရ ငြိမ်သက် လျက် ရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီများ ၏ တိုက်ခန်း၊ ကွန်ဒို ရောင်းချမှု ပြိုင်ဆိုင်ခြင်းများအား စောင့်ကြည့် နေကြခြင်း ကြောင့်ဈေးကွက် အေးစက်နေရခြင်း ဖြစ်ကြောင်း၊ စက်မှုဇုန် မြေကွက်များအနေဖြင့် အိုးအိမ်သွင်းဈေးမြင့်တက်မှုကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လှိုင်သာယာ စက်မှုဇုန် မြေကွက်များမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။                                                                                                                                ကိုဖြိုး