Main menu

Background

ရော်ဘာဈေးမြင့်သော်လည်း ဂျပန်ကားရောင်းအားတက်

Thu, 09/09/2010 - 05:39 -- Anonymous (not verified)

ရော်ဘာဈေးမြင့်သော်လည်း ဂျပန်ကားရောင်းအားတက်        တာယာထုတ်လုပ်ရေးများက ဝယ်လိုအားများလာပြီး ဧပြီလကုန်ကတည်းက ရော်ဘာဈေးနှုန်း အမြင့်ဆုံး အဆင့်ကို ရောက်ရှိပေမဲ့လည်း ဂျပန်နိုင်ငံက မော်တော်ကားရောင်းချရနှုန်းများမြင့်တက်ခဲ့ကြောင်းသိရ ပါတယ်။ ရှေ့ဆက်ပြီး ရောင်းအား ၁ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်ဖွယ်ရှိတယ်လို့ နီကီ သတင်းစာမှာ ဖော်ပြ ထားပါတယ်။ သြဂုတ်လဆန်းကနေ လကုန်ပိုင်း အထိ ရောင်းအား ၇၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ၁၄၉ဝဝဝ စီးပိုမိုခဲ့ကြောင်း သိရပါတယ်။ အစိုးရရဲ့ မော်တော်ယာဉ်လောင်စာအတွက် ထောက်ပံ့ရေးအစီအစဉ်ရဲ့ အကိုျးအမြတ်ကို သုံးစွဲသူတွေက မျှော်ကိုးတဲ့အတွက် ရောင်းအား တက် လာခြင်းဖြစ် ပြီး ဒီအစီအစဉ်က စက်တင်ဘာလကုန်မှာ ပြီးဆုံးမယ်လို့ တိုကိုျအခြေစိုက် ဖူဂျီတိုမိ ကုမ္ပဏီရဲ့သုတေသီက ပြောကြားခဲ့ ပါတယ်။ ဒီအစီအစဉ် ပြီးဆုံးချိန်အထိ မော်တော်ယာဉ်မှာ သုံးတဲ့ရော်ဘာနဲ့ အခြားကုန်ကြမ်းတွေရဲ့ ဝယ်လိုအား တက်နေအုံး မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ သုံးစွဲသူတွေက ထောက်ပံ့ရေး အစီအစဉ်ရဲ့ အကိုျးအမြတ်ကို ရရှိဖို့အတွက် မော်တော်ယာဉ်ဝယ်ယူနေကြပြီး ဒါဟာ ကုန်ကြမ်းဝယ်လိုအား အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့  ၎င်းသုတေသီက ပြောကြားခဲ့ပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ ဖေဖော်ဝါရီလ စာခုျပ်မှာ ရော်ဘာ တစ်ကီလိုဂရမ်ကို ၂၉၈ ဒဿမ ၉ ယန်း (၁ တန်ကို ၃၅၃၈ ဒေါ်လာ)အထိ မြင့်တက်နေ ကြောင်းသိရပါ တယ်။ အနာဂတ်မှာ အာရှရဲ့ သိုလှောင်မှုတွေက ကျဆင်းပြီး ရင်းနှီး မြှုပ်နံှ သူတွေလဲ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။                                                                                               Source: Bloomberg .com,  KZW