Main menu

Background

ရွှေဈေးနှုန်း ကျပ်ခြောက်သိန်း အထက်သို့ ပြန်လည်ရောက်ရှိလာ

Thu, 05/06/2010 - 03:49 -- Anonymous (not verified)

    ယခုတစ်ပတ် ရွှေဈေးနှုန်းမှာ အဝယ်လိုက်လာသောကြောင့်    ကျပ်ခြောက်သိန်းအထက်သို့ ပြန်လည်ရောက် ရှိလာကြောင်း ရွှေရောင်းဝယ်သူတစ်ဦး ကပြောကြားသည်။    ''ယခုတစ်ပတ်ရွှေဈေးက ကျပ်ခြောက်သိန်းအထက်ကို ပြန်ပြီးရောက်လာတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်လာတော့ ပြည်တွင်းရွေဈေးက လည်းမြင့်လာတယ်။ ရွှေဈေးနှုန်းမြင့် လာတယ်ဆိုတော့ အဝယ်ရှိလာတယ် လို့ပြောလို့ရတယ်။ အဝယ်ပေါ်မူ တည်ပြီး ရွှေဈေးနှုန်းက လိုက်တက်လေ့ရှိတယ်။ ရွှေဝယ်စုတဲ့သူအများစုကလည်း ကျပ်ခြောက်သိန်းဈေးနဲ့ မိထားတဲ့အတွက် ဒီအချိန်ကိုမျှော်လင့်နေကြတာ၊ အခုဆိုင်သမားတွေကလည်း စုထားတဲ့ ရွှေတွေပြန်ထုတ်ဖို့ ပြင်ဆင်နေကြပြီ'' ဟုယင်းကပြောကြား သည်။    ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၂၃ မှ တစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်လာရာ ယခုတစ်ပတ် ၂၉-၄-၂ဝ၁ဝ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၁၇၃ အထိ မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၁ဝဝဝဝ သို့ ရောက်ရှိလာ ကြောင်းနှင့် ရှေ့ဆက်၍လည်း ရွှေဈေး နှုန်းမြင့်လာဖွယ်ရှိကြောင်းသိရ သည်။                                                                                                                              မင်းသန့်