Main menu

Background

ရွှေဈေးအတက်ဘက်သို့ ဦးတည်နေ

Thu, 05/13/2010 - 04:04 -- Anonymous (not verified)

    ကမ္ဘာ့ရွှေဈေးမှာ   ဆက်လက် မြင့်တက်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်းအတက်ဘက် သို့ဦးတည်နေကြောင်း ရွှေလုပ်ငန်းလုပ် ကိုင်သူတစ်ဦးကပြောကြားသည်။   ''ရွှေဈေးကအတက်ဘက် ကိုပဲဦးတည်နေတယ်။ပြည်တွင်းရွှေဈေးကလည်း အဝယ်ရှိနေတဲ့အတွက် ထပ်ပြီးနည်းနည်းတက် လာတယ်။ ကျွန်တော် ဆီမှာတင်လာပြီးအပ်ထားတဲ့အပ်ထည် ကအချိန် ၃ဝ လောက်ရှိတယ်။ရွှေဈေး ကအခုလက်ရှိအခြေအနေ ကထပ်ပြီးတက် ဖို့ရှိနေတယ်။ရွှေဝယ်စုထားတဲ့လူတွေ လည်းအကုန်လုံးမြတ်ကြတယ်။ဒီအချိန် ကရွှေဘက်ကိုဦးလှည့်လာတဲ့ အတွက်ရွှေ ကရှေ့ဆက်ပြီးအလားအလာကောင်း နေတယ်''ဟုယင်းကပြောကြားသည်။   ယခုအခါတွင် ရွှေဝယ်ယူ သူများလာသောကြောင့် ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူများပါ အဆင်ပြေနေကြောင်း၊ ရွှေဈေးနှုန်းမှာ လည်းအခေါက် ရွှေတစ်ကျပ်သားလျင် ကျပ် ၆၁ဝဝဝဝ ကျပ်မှ ၆၁၂ဝဝဝ ကျပ်သို့မြင့်တက်လာ ကြောင်းနှင့်ကမ္ဘာ့ရွှေဈေးမှာ လည်းတစ် အောင်စလျှင် ၁၁၇၆ သို့ရောက်ရှိလာ ကြောင်းသိရသည်။                                              မင်းသန့်