Main menu

Background

ရှမ်းနနွင်း

Thu, 09/02/2010 - 04:39 -- Anonymous (not verified)

အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်း    ရှမ်းနနွင်းက ဒီတစ်ပတ်အောင်ပန်းဈေးမှာ ဈေးအနည်းငယ်ပြန်တက်လာ ပါတယ်။ နနွင်းအဝင်ကလည်း မရှိသလောက် ဖြစ်နေပြီး လှောင်လက်တွေကသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာ ပစ္စည်းအရည်အသွေး ပေါ် မူတည်ပြီး တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၂ဝဝ ကျပ်ဈေးထိရှိပါတယ်။ နနွင်း ကလည်း ချင်းလိုပါဘဲ။ ပြည်ပနိုင်ငံတွေရဲ့ ဘာသာရေးကာလဖြစ်နေလို့ ဝယ်လက် တွေ ရပ်နေတယ်လို့ သိရပါတယ်။ ယခုလောလောဆယ်မှာတော့ နနွင်းခေါင်းလို့ ခေါ်တဲ့ ပစ္စည်းညံ့တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းခေါင်းအခြောက် တွေကို ပြည်တွင်းသုံး နနွင်းမှုန့်နဲ့ ခြင်ဆေးခွေတွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းဝယ်လက် တွေက ပ-+*ုံမှန်ဝယ်ယူ နေကြပါတယ်။ နနွင်းခေါင်းက တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံက သိရပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက်တစ်ပိဿာ ၃၃ဝဝ ကျပ်ရှိတယ် လို့သိရ ပါတယ်။                                                                                                                            ဧဧခိုင်