Main menu

Background

လက်ကျန်နည်းပြီးအရောင်းအဝယ်အေးတဲ့ ပြည်မတ်ပဲ

Wed, 09/01/2010 - 03:48 -- Anonymous (not verified)

ပြည်ဈေးကွက်ရဲ့ မတ်ပဲဈေးက သြဂုတ်လစတုတ္ထပတ်မှာ ပိဿာ ၂ဝ ဝင်ပဲတစ်တင်းကို ၂၆၆ဝဝ ကျပ်ဈေးရှိ ပါတယ်။ မြို့ခံပဲကုန်သည်တွေရဲ့ လက်ထဲမှာ လက်ကျန်နည်းနေပြီး ထုတ်ရောင်းသူလဲနည်းတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ တစ်နေ့ကိုမြို့တွင်းမှာတစ်တင်းခွဲအိတ်၂ဝဝ သာ အရောင်း အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်နည်းနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ တိုင်းတွင်းမှ ရန်ကုန်သို့ တစ်ရက်ကို ၁၉၇ဝ အိတ် တင်ပို့တယ်လို့ သိရပါတယ်။                                                                                                                                                                                                   မိမိအေး