Main menu

Background

လက်ကျန်များဖြည်းဖြည်းထုတ်နေတဲ့ ပဲစင်းငုံ

Wed, 09/01/2010 - 04:00 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံ(နီ)တစ်ပိဿာ ဈေးဟာ ယခုတစ်ပတ်မှာ ၁ဝဝဝ ကျပ်ဈေးပေါက်ပါတယ်။ ရောင်းသူလဲနည်း၊ ဝယ်သူလဲနည်းနေတာတွေ့ရ ပါတယ်။ မန္တလေးတစ်တိုင်းလုံး ပဲစင်းငုံစိုက်ဧက ၄၈၁၁၉၂ စိုက်နိုင် ခဲ့လို့ မနှစ်ကထက် ၁ဝ၂၂၆ ဧကပိုစိုက်နိုင်ခဲ့ပါတယ်။ မိုးလေဝသအခြေအနေက အညာ မှာ မိုးနောက်ကျခဲ့လို့ ပဲစင်းငုံပင်တွေက တာထွက်နှေးခဲ့ပါတယ်။ ဧကအခိုျ့ပင်ပေါက် နည်း၊ ကြီးထွားမှုနှေးနေခဲ့ပါတယ်။ သြဂုတ်လ လယ်နောက်ပိုင်းမှာ မိုးတော်တော်ရွာ လာလို့ ပဲစင်းငုံကမနှစ်ကထက် ထွက်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီဈေးမိုျးနဲ့ သွားနေရင် ဈေးအဖွင့်နည်းနိုင်ပါတယ်။ အိတ်စပို့ကလည်းများများ မတင်နိုင်ပဲ ကုန်သည်တွေ ဈေးကြီး မိထားတာများကြလို့ တဖြည်းဖြည်းသာထုတ်နေကြပြီး ဈေးတက်မျှော်နေ ကြပါတယ်။                                                                                                                                                                                   မျိူးသူ