Main menu

Background

လမ်းတံတား အခြေခံအဆောက်အအုံများ

Wed, 09/08/2010 - 05:41 -- Anonymous (not verified)

 လမ်းတံတား အခြေခံအဆောက်အအုံများ        နိုင်ငံတော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူ ချောမွေစေရေးကို အထောက်အကူဖြစ်စေမည့် လမ်းတံတားများ တည် ဆောက်ပေးနိုင်ခြင်းမှာလည်း အရေးကြီးသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားစေရန် အထောက်အကူပြုစေ သကဲ့သို့ နိုင်ငံ တကာမှာ ရင်းနှီး မြှုပ်နံှသူများ၏ နိုင်ငံတစ်ခုတွင် ရင်းနှီးမြှုပ်နံှစေရန် အလေးထားစဉ်းစားသည့်ကဏ္ဍတစ်ခုလည်း ဖြစ်ပါ သည်။ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင်ဖြစ်ပေါ်လာမည့် မဟာမဲခေါင်ဒေသခွဲ၏ နယ်စပ်ဖြတ် ကျော်သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ သဘောတူစာခုျပ်များအရလည်းကောင်း နယ်စပ်စီးပွားရေး စြင်္ကန်များအရလည်းကောင်း လမ်းတံတား အခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။     နိုင်ငံတော်က လမ်း၊ တံတားသစ်များကို တစ်ကဏ္ဍပြီးတစ်ကဏ္ဍ တစ်ပိုင်းပြီးတစ်ပိုင်း ဖွင့်လှစ်ပေးခဲ့ သည်။ လမ်းနှင့်တံတား ကဏ္ဍသစ်ကို တိုးခဲျ့ဆောင်ရွက်လျက်ရှိရာ ပြည်နယ်နှင့်တိုင်းအသီးသီး၌ ၁၉၈၈ ခုနှစ်မတိုင်မီက လမ်းအရှည် ၁၃၆၃၅ မိုင်သာ ရှိခဲ့ရာမှ ယခုဆိုလျှင် ၂၁၃၆၁မိုင် ၂ဖာလုံအထိ တိုးခဲျ့ဖောက် လုပ်နိုင်ခဲ့သည့်အတွက် ၇၇၂၆ မိုင် ၂ဖာလုံ ထပ်မံတိုးပွားလာခဲ့သည်။     လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံကုန်လုံစေရေးအတွက်  ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း သည် မော်တော်ကားလမ်းနှင့်အတူ တံတားအင်အားကိုလည်း တိုးခဲျ့ တည် ဆောက်ပေးလျက်ရှိသည်။ ဧရာဝတီမြစ်ရိုး တစ်လျှောက် မအူပင်၊ နဝဒေး၊ ဒေးဒရဲ၊ ဗိုလ်မြတ်ထွန်း စသော ဧရာဝတီမြစ်ကူးတံတားကြီးများအပြင် ဗလမင်းထင်၊ အနော်ရထာ၊ ဧရာဝတီ (မကွေး) နှင့် ရတနာပုံ တံတား (မန္တလေး) တို့ကိုလည်း ထပ်မံတည်ဆောက်ပေးထားသည်။ ချင်းတွင်းတွင် နှစ်စင်း၊ စစ်တောင်းတွင် သုံးစင်း၊ သံလွင်တွင် ငါးစင်းစသည့် တံတားသစ်ကြီးများအပါအဝင် လိုအပ် သည့်နေရာများ၌ တံတားကြီး ငယ်များ ဖြည့်ဆည်းပေးထားသည်။ ၁၉၈၈ခုနှစ်မှ ယနေ့ထိ ပေ ၁ဝဝနှင့် ပေ ၁၈ဝ အကြား တံတားပေါင်း ၂၉၁၅ စင်းနှင့် ပေ ၁၈ဝ အထက် တံတားကြီး အစင်း ၂၄ဝ အထိ တည်ဆောက်ဖွင့်လှစ်ပေး နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ တံတားကြီး ၅ စင်း ထပ်မံတည်ဆောက်လျက်ရှိရာတွင် နှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်း ယှဉ်တွဲပါရှိသည့် တံတားကြီး ၄ စင်းနှင့် နှစ်လမ်းသွား ကားလမ်းသာပါရှိသည့် မြစ်ကူးတံတားကြီးတစ်စင်းတို့ဖြစ်သည်။                                          တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားများ        ၁၉၈၈ခုနှစ်မှ ယနေ့ထိ ပေ ၁၈၀ နှင့်အထက် တည်ဆောက်ပြီး တည်ဆောက်ဆဲ၊ တည်ဆောက်ရန် လျာတံတားကြီးများ