Main menu

Background

လေကြောင်းပို့ဆောင်ရေးအခြေခံအဆောက်အအုံများ

Wed, 09/08/2010 - 07:56 -- Anonymous (not verified)

လေကြောင်းပို့ဆောင်ရေးအခြေခံအဆောက်အအုံများ       မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှုများ တိုးမြှင့်လာစေရေးအတွက်  လေကြောင်း သယ် ယူပို့ဆောင်ရေးကဏ္ဍလည်း အရေးပါသော လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် ပူးပေါင်းပံ့ပိုး ဆောင်ရွက် ပေးလျက် ရှိပါသည်။ လေကြောင်းသယ်ပို့ကဏ္ဍတွင် ပြည်တွင်းလေကြောင်းလိုင်းများနှင့် သယ်ယူ ပို့ဆောင်ပေးခြင်းနှင့် ပြည်ပ နိုင်ငံများသို့ ချိတ်ဆက်ကာ နိုင်ငံတကာ ကုန်သွယ်မှုကွန်ယက်နှင့် တစ်ဆက် တစ်ဆက်တည်း အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ပေးနေမှုကို လည်း အဆင့်မီမီဝန်ဆောင်မှု ပေးနေပြီဖြစ်ပါ သည်။     ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် ဝန်ဆောင်မှုများပေးရာတွင် ယခင် ၁၉၈၈ ခုနှစ် မတိုင်ခင်က လေယာဉ်ကွင်း ၆၆ ခုသာရှိခဲ့ပြီး၊ ယခု ၂ဝ၁ဝ ခုနှစ်တွင် လေယာဉ်ကွင်း ပေါင်း ၆၉ ခုအထိ တိုးခဲျ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ လေယာဉ်ပြေးလမ်း အနေ ဖြင့် ယခင်က ပြေးလမ်းအရှည်ပေ ၅ဝဝဝ နှင့်အထက် ၂၁ ကွင်း၊ ပေ ၅ဝဝဝအောက်၄၅ကွင်းသာ ဝန်ဆောင် မှု ပေးနိုင်ခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ပြေးလမ်း အရှည်ပေ ၁ဝဝဝဝ အထက် ရှိသော လေယာဉ်ကွင်း ၁၁ ကွင်း၊ ပေ ၅ဝဝဝ အထက် ကွင်း ၂၇ကွင်းနှင့် ပေ ၅ဝဝဝ အောက် ကွင်း ၃၁ ကွင်းအထိ တိုးခဲျ့တည်ဆောက်ကာ အဆင့်မြှင့်ပြင် ဆင်ခဲ့ပါသည်။      မြန်မာ့လေကြောင်းမှ ပြည်တွင်းလေယာဉ်ပြေးဆွဲမှုအပိုင်းတွင် ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ကလေး၊ ခန္တီး၊ မုံရွာ၊ ဟုမ္မလင်း၊ နေပြည်တော်၊ ဟဲဟိုး၊ တာချီလိတ်၊ ကိုျင်းတုံ၊ မိုင်းဆတ်၊ လွိုင်ကော်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊  ညောင်ဦး၊ စစ်တွေ၊ ဘားအံ၊ ကျောက်ဖြူ၊ သံတွဲ၊ ရန်ကုန်၊ ဘုတ်ပြင်းနှင့် လားရှိုး မြို့များသို့ ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ်  ပုံမှန်ပံျသန်းကာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။