Main menu

Background

လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ

Wed, 09/08/2010 - 04:18 -- Anonymous (not verified)

လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ     စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် အခြေခံလိုအပ်ချက်သည် လျှပ်စစ်စွမ်းအင်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရသည် လျှပ်စစ်စွမ်းအား ဆိုင်ရာ အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးလျက်ရှိသည်။ ယခုရေတွင်းတူး ယခုရေကြည်သောက် ၍ မရသော်လည်း မကြာသောကာလတွင် စက်မှုအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို အောက်ပါ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်လျာထားလျက်ရှိသည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များက သက်သေခံလျက်ရှိသည်။ရေအားလျှပ်စစ် စီမံကိန်းများ      နိုင်ငံတစ်ခု၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက် အအုံများထဲတွင် လျှပ်စစ်စွမ်းအင် ကဏ္ဍမှာ ရှေ့ဆုံးမှပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရေအားလျှပ် စစ်ထုတ်လုပ်နိုင်သည့် သဘာဝမြစ်ချောင်းများ ပေါများသည့် အတွက် မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ရေအား လျှပ်စစ်ကို အဓိကထုတ်လုပ်သုံးစွဲခဲ့ကြသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ နှစ်ရုံသာ ရှိပြီး၎င်းတို့မှာ ၁၆ဝမဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ အမှတ် (၂)နှင့် ၅၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၄ ခုကို အောက်ပါအတိုင်း အကောင်အထည်ဖော်နိုင်ခဲ့သည်-