Main menu

Background

လျှပ်တစ်ပြက်ရိုက်ချက်အသုံးများတဲ့ ကင်မရာသမားများအတွက် ှSony Cybershot DSCTX5

Sat, 05/01/2010 - 03:37 -- Anonymous (not verified)

ှ   Sony Cybershot DSC TX5 ကင်မရာဟာ ရေအောက်အနက် ၃ မီတာမှာ တစ်နာရီကြာအထိ ရေစိမ်ထားနိုင်စွမ်းရှိပြီး ရေစိမ့်ဝင် မှုလုံးဝ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ အမြင့် ၅ ပေ ကျော်ကျော်ကနေ ကွန်ကရစ်ကြမ်းခင်းပေါ် လွတ်ကျရင်တောင် ပျက်စီးမှုမရှိရလေ အောင် တပ်ဆင်ထားပါတယ်။    ဒီကင်မရာဟာ အခြားကင်မရာတွေထက် အလင်းရောင် အာရုံခံထားနိုင် မှု (Light Sensitivity) နှစ်ဆ ပိုကောင်းပါတယ်။ ဒါကြောင့် Flash နဲ့ Tripod တွေသုံးစရာမလိုဘဲ ဖယောင်းတိုင်မီးရောင်အောက်မှာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ Image Sensor ရဲ့ Resolution ကို 10.2 megapixel အထိတိုးမြှင့် ပေးထား ပါတယ်။ မှန်ဘီလူးက Cral Zeiss Vario Tesser Lens ကိုသုံးထားပါ တယ်။    4x Teloscope zoom တပ်ထားတာကြောင့် အဝေးဆွဲအားလည်း ကောင်းပါတယ်။ 3'' LCD touch screen တပ်ဆင် ထားပါတယ်။ အနေအထားပေါ် မူတည်ပြီး လိုအပ်တဲ့ Setting အားလုံးကို သူ့ဖာသာသူ ချိန်ဆွဲသွားနိုင်ပါတယ်။ လျှပ်တစ်ပြက်ရိုက် ချက်အသုံးများတဲ့ ဓာတ်ပုံဆရာတွေအတွက် အလွန်အသုံးများ လှပါတယ်။ တစ်လုံးကို ကျပ်သုံးသိန်းလေးသောင်း  ဝန်းကျင်ဈေးနဲ့ မြန်မာ့အလှ ဆိုင်မှာ ဝယ်လို့ရပါတယ်။