Main menu

Background

ဝယ်လိုအားည်းတဲ့ လက္ခဏာများကြောင့် ပဲပုပ်ဈေးနှုန်းများကျဆင်း

Tue, 09/07/2010 - 08:07 -- Anonymous (not verified)

ဝယ်လိုအားည်းတဲ့ လက္ခဏာများကြောင့် ပဲပုပ်ဈေးနှုန်းများကျဆင်း       ဇွန်လကုန်ကထဲက ပဲပုပ်ဈေးနှုန်း ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ဝယ်လိုအား လျော့ကျမယ့်အရိပ် အရောင်များကြောင့် သီတင်း တစ်ပတ်ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အများဆုံး ကျဆင်းခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်အများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဟေလုံကျန်းမှာရှိတဲ့ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများက အစိုးရ ရဲ့သိုလှောင်ထားတဲ့ ပဲပုပ်များဝယ်ယူနိုင် ရေးဆွေးနွေးလျက်ရှိခြင်းက အမေရိ ကန်မှ ပဲပုပ်တင်သွင်းဖို့ ဝယ်လိုအားကို ကျဆင်းစေ နိုင်ပါတယ်။       ပဲပုပ်အများဆုံးထုတ်လုပ်သူ၊ တင်ပို့ သူဖြစ်တဲ့ အမေရိကန်မှာ ပဲပုပ်အခြေခံ တိရစ္ဆာန်အစာသိုလှောင်မှုဟာ ယခုနှစ် အစောပိုင်းမှ ဇူလိုင်လကုန်အထိ  ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ Census Bureau ဗျူရိုမှ လွန်ခဲ့တဲ့ သီတင်းပတ် ကပြောကြားပါတယ်။ ပဲပုပ်ဆီသို လှောင်မှုဟာ လည်း ၂ဝဝ၃ ခုနှစ် ဒီဇင် ဘာ နောက်ပိုင်းမှစပြီး  အမြင့်ဆုံး ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲပုပ်ကို တရုတ်ဝယ်လိုအား နှေးကွေးနိုင်တယ်လို့ ဈေးကွက်လေ့လာ ဆန်းစစ်သူ Chad Henderson မှ ပြောကြားပါတယ်။       သြဂုတ်လ ၃၁ ရက် ချီကာကိုမှာ နိုဝင်ဘာလအတွက် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၁ဝ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၇) နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြဂုတ်လအ တွင်း တရုတ်နိုင်ငံက တင်သွင်းမှု မြင့်တက်ခဲ့လို့  ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး သြဂုတ်လ ၅ ရက်မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၄၉ ထိ ၇ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ ပါတယ်။ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးဟာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ   ၄ဝ ဒသမ ဝ၅ ဆင့် (တစ် တန်ကို ကန်ဒေါ်လာ ၈၈၂) ဈေးနဲ့ပိတ်ခဲ့လို့ သြဂုတ်လ ၁၅ ရက် နောက် ပိုင်းမှာအများဆုံးကျဆင်း ခဲ့တာဖြစ်ပါတယ်။       စက်တင်ဘာလ ၃ဝ ရက်မှာ ပြီးဆုံး တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှုဟာ ယမန်နှစ် တင်သွင်းတန်ချိန် ၄၁ ဒသမ ၁ သန်းထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၉ ဒသမ ၅ သန်းအထိ စံချိန်တင်ခဲ့တယ်လို့ USDA စာရင်းအရ သိရပါတယ်။                                                                        ယမင်းခင်၊Sources: bloonberg.netှ